Sunday, February 7, 2010

ရင်နှင့်ရင်း၍












‘သူ
သူဆိုတဲ့ကောင်လေးမှာ







ကျွန်မသိပ်ချစ်ရတဲ့ဆံပင်ကောက်ကောက်လေးတွေရှိတယ်
မှေးစဉ်းစဉ်းမျက်လုံးလေးတွေက သူရယ်လိုက်တိုင်း မမြင်ရတော့အောင်ပိတ်သွားတတ်တယ်
သူကိုပထမဆုံးစတွေ့ ခဲ့တော့ ကျွန်မတို့ ကျောင်းမောင်မယ်သစ်လွင်ကြိုဆိုပွဲမှာလေ
သူကသူ့ သူငယ်ချင်းတွေနဲ့ စကားပြောရင်းကလေးတစ်ယောက်လို အပြစ်ကင်းစွာရယ်မောနေခဲ့တယ်
ကျွန်မဘေးကစကားသံတစ်ချို့  ကျွန်မနားဆီပြန့် လွင့်လာတယ်

“ဟဲ့ အဲဒါ ဘယ်သူလဲ နင်တို့ သိလား
သြော် နေ၀င်းနီ လား သူကနာမည်ကြီးဟ
King ဆို
ဟယ်ချစ်စရာလေးနော် ဟီဟီ
မိန်းမတွေ မကဲနဲ့ နော်”

သြော် သူက ကင်းတဲ့လား ကျွန်မစိတ်ထဲကတီးတိုးရေရွတ်လိုက်မိတယ်
ငါနဲ့ တော်တော်ဝေးပါလားကောင်လေးရယ်
အဲ့ဒီနေ့ က စလို့ သက်ပြင်းမောတွေနဲ့  ကျွန်မဘ၀ရဲ့ နေ့ ရက်တွေ ကို သူဖန်ဆင်းခဲ့တယ်

စာသင်ရက် ပထမဆုံးရက်

အဲဒီနေ့ က သူက addidas လက်ရှည်အပြာလေးနဲ့ ဂျင်းပန့် လေးနဲ့ လန်းဆန်းနေခဲ့တယ်
ကျွန်မကတော့ ဆေးကျောင်းက ထမီပဲဝတ်ရမယ်ဆိုလို့  မ၀တ်တတ်ဝတ်တတ်ထမီကြီးနဲ့ ပေါ့
ကိုယ့်ဘာသာကိုတော့သိပါတယ် တော်တော်အဆင်မပြေမှန်း
အဲ့ဒီနေ့ က ခုံနံပါတ်တွေထွက်တယ် သူနဲ့ ကျွန်မခုံနံပါတ်ကသိပ်မဝေးလို့ ကျွန်မတစ်ယောက်ထဲ ကြိတ်ပျော်ခဲ့ရသေးတယ်

ဒီလိုနဲ့ ကျွန်မတို့ လက်တွေ့ တွေစဆင်းခဲ့ရတယ်
ပထမနှစ်လက်တွေ့ က အနောက်ဖက်သထုံလမ်းကနေပြည်လမ်းဘက်ကိုကူးပြီးသွားရတယ်
ကျွန်မကလည်း ဒီနေ့ လက်တွေ့ ရှိပါတယ်ဆိုမှ နောက်ကျနေခဲ့တာ ကျွန်မလည်းခပ်မြန်မြန်လေးလျှောက်လာခဲ့တာ ရုတ်တရက် ကျွန်မနောက်ကခြေသံခပ်အုပ်အုပ်ကြားလို့ တစ်ချက်လှည့်ကြည့်လိုက်တော့ သူ..
ကျွန်မ ရင်ခုန်သံမြန်သွားရတယ်
သူက

“ဟဲ့ ဟဲ့
ကျွန်မလည်းရုတ်တရက်အသက်ရှူတောင်ရပ်တော့မလားပဲ
အင် ဟင်Botany Pratical ကဘယ်အခန်းလဲနင်သိလား
နင်ငါတို့ Batch ကပဲမလား
ကျွန်မရုတ်တရက်ဘာပြောရမှန်း သူဘာပြောလိုက်မှန်းမသိ ကြောင်ပြီးရပ်နေမိတယ်
သြော်ဆောရီးနော် ကျွန်တော်တို့ အတန်းကမှတ်လို့ ”

အဲတော့မှ ကျွန်မသတိပြန်လည်လာပြီး

“သြော် အင်း ဟုတ်တယ် ငါလည်းအဲဒီသွားမှာပဲ
ဟာ နင်ကနောက်တယ်ဟာ တဲ့ သူက
ငါ့နာမည်က နေ၀င်းနီ တဲ့ နင်နာမည်ကကော
ငါနာမည်က နဒီ ပါ
သြော် ဒါဆိုငါတို့ တစ်ခန်းထဲပေါ့
ကျွန်မတို့ ကျောင်းကခုံနံပါတ်တွေက အက္ခရာအစဉ်လိုက်စီထားတာလေ
ကျွန်မကခေါင်းတစ်ချက်ပဲညိမ့်ပြနိုင်လောက်အောင် စကားတွေထစ်အနေခဲ့တယ်
လာဟ နောက်ကျနေပြီ
သြော် အေး အေး”

အဲဒီနေ့ ကစလို့ ခပ်တုံးတုံး ခပ်အအ ကျွန်မက သူဆို့ တဲ့ကောင်လေးနဲ့ ခင်မင်ခွင့်ရခဲ့တယ်

နောက်ကျတော့  သူကလည်း King မရခဲ့ပါဘူး ဘာလို့ လဲတော့မသိဘူး
ကျွန်မနည်းနည်းတော့ ၀မ်းသာခဲ့တယ် သူသာ King ဆို ကျွန်မနဲ့ များပိုဝေးသွားမလားဆိုပြီး ကျွန်မအတ္တတွေလေ ဒါပေမယ့် King မဟုတ်တဲ့သူက ကျွန်မနဲ့ လည်းနီးမလာခဲ့ပါဘူး
သူဘေးမှာအချိန်ပြည့် ကောင်မလေးတွေ သူ့ သူငယ်ချင်းတွေဝိုင်းနေတတ်တယ်
ကျွန်မကတော့ တစ်ယောက်ထဲရှိတဲ့အချိန်တွေကခပ်များများပါ အဲလိုအစထဲက ကျွန်မတို.့ ကဆန်ကျင်ဘက်ပါ

သူကတစ်ခါတစ်လေတော့ ကျွန်မဆီရောက်ရောက်လာတတ်ပါတယ်

“ဟဲ့ နင်ဘာတွေလုပ်နေလဲ အားနေလား ကြည့်ရတာအားနေပါတယ်ဟာ
လက်တွေ့ စာအုပ်အချိန်မှီထပ်ဖို့ အလုပ်ရှုပ်နေတဲ့ ကျွန်မကိုသူကမေးတာလေ

အေး ငါလက်တွေ့ စာအုပ်ရေးနေတယ်လေ ဟုတ်လား အေးငါလည်းမပြီးသေးပါဘူးဟာ ဘာတွေမှန်းလည်းသိပ်မသိဘူးဟ နင်ရောသိလား နင်ပြီးတော့မှာလား

အေးရေးတုန်းပဲ နင်ကော

ကြည့်ကြည့်ပါလား” သူက သူ့ စာအုပ်ကိုပေးတယ်

“ဟင်နင်ဟာဘာမှလည်းမရေးရသေးဘူး အေးလေ ဘာမှမှမသိတာ
အေး ကောင်းရောနော် ပေးခဲ့ ငါရေးပေးမယ်
အေးနင်ဒီနေ့ ကြည့်ကောင်းနေပါတယ်လို့ ဟဲဟဲငါသွားပြီနော် ပြီးရင်တစ်ခါထဲထပ်လိုက်ဟာ နော် သွားပြီ”

နောက်

အတန်းတက်နေတဲ့ ကျွန်မကို
“ဟဲ့ နင်ရောက်နေတာ ကြာပြီလား အေး ဘာလို့ လဲ
ငါ သွားစရာရှိလို့  အဲဒါ Roll call လေးလုပ်ပေး
ဟဲ့ဒီဘာသာကလူနဲ့ စစ်မှာလေဟာ ဟာနင့်ဘာသာကြည့်ကျက်လုပ်လိုက် ငါသွားပြီ”

အဲလိုပေါ့ သူကျွန်မဆီရောက်ရောက်လာတတ်တာ.....

အဲလိုနဲ့ ပထမနှစ်အောင်စာရင်းတွေထွက်ခဲ့တယ် ကျွန်မ ကိုယ့်ခုံနံပါတ်ကို အရင်မကြည့်နိုင်လောက်အောင် သူ့ အတွက် စိတ်ပူနေခဲ့တယ်
အောင်စာရင်းဘုတ်ကြီးထွက်လာတော့ သူ့ ခုံနံပါတ်ဘေးမှာ Chemistry တစ်ဘာသာလျော့နေခဲ့တယ်
သူက

“ဟဲ့နင်ဘယ်လိုလဲ ငါတော့ဒီတစ်လုံးပါတယ်ဟ”

သူကခပ်အေးအေးပဲ ပြောခဲ့တယ်
ကျွန်မကတော့ သူအတွက်စိတ်မကောင်းလို့ အဲ့ဒီနေ့ က နေမကောင်းဖြစ်ခဲ့တယ်
သောက်နေကျဆေးတွေထပ်များတဲ့ဆေးတွေ ကျွန်မသောက်ရပြန်တယ်

သူတို့ ဆပ်ပလီသမားတွေတက်ရတဲ့ အတန်းကို ကျွန်မသူမအားလို့ ၃၊၄ ကြိမ်မကသွားတက်ခဲ့ရသေးတယ်လေ

ဒုတိယနှစ်စရောက်တော့ ကျွန်မမကြားချင်ဆုံးသတင်းတွေ မမြင်ချင်ဆုံးမြင်ကွင်းတွေ မြင်ခဲ့ကြားခဲ့ရတယ်

သူ ကျွန်မတို့ နဲ့ ခုံနံပါတ်ချင်းသိပ်မဝေးတဲ့ကောင်မလေး တစ်ယောက်နဲ့ ကြိုက်နေတယ်တဲ့
အဲဒီအချိန်တွေကစလို့  ကျွန်မရဲ့ မွေးကတည်းကအားနည်းခဲ့တဲ့ဘယ်ဘက်ရင်ဘက်တစ်ခြမ်းက ပိုပြီးနာကျင်လာခဲ့ရတယ်
မသွားချင်တဲ့ ဆေးရုံကြီးကိုလည်း ခဏခဏရောက်ခဲ့ရတယ်
ဒါတွေသူတော့မသိခဲ့ပါဘူး

တစ်ခါတစ်ရံတော့သူစိတ်ကူးပေါက်ရင်ပေါက်သလိုဖုန်းဆက်တတ်တယ်
အဲဒီနေ့ ရက်တွေကတော့ ကျွန်မဘ၀ရဲ့ ပျော်စရာအချိန်တစ်စိတ်တစ်ပိုင်း ဖြစ်မှန်းမသိဖြစ်နေခဲ့တာလေ

နောက်လအနည်းငယ်ကြာတော့ သူခပ်မိုက်မိုက်ကောင်မလေးတစ်ယောက်နဲ.့ ကျောင်းကိုရောက်လာပြန်တယ်
ကျွန်မနဲ့ လမ်းမှာတွေ့ တော့ သူကမိတ်ဆက်ပေးတယ် သူကောင်မလေးတဲ့
ကျွန်မခေါင်းတစ်ချက်ပဲညိမ့်ပြနိုင်ခဲ့ပါတယ်

သြော် နေ၀င်းရယ် နင်ငါ့ရင်ထဲကို ဘယ်တော့မှမြင်မှာလဲဟာ

ဒီလိုနဲ့ ကျွန်မ ဒုတိယနှစ်မှာ ဆပ်ပလီထိခဲ့တယ်
သူကတော့ round ထိခဲ့တယ်
အဲဒီနေ့ ကသူကျွန်မဆီဖုန်းဆက်လာတယ်

“ဟဲ့ နင်စိတ်ညစ်နေလား” တဲ့
ကျွန်မ အရမ်းပျော်သွားခဲ့တယ်
“အေးဒီလိုပါပဲဟာ နင်ရော
ငါ လား ငါက ဘာလို့ ညစ်ရမှာလဲဟ ငါကဆရာဝန်မှမလုပ်တာ
နင်က ဒါဆိုဘာလုပ်မှာလဲ
ငါကယောက်ျားလေးပဲ ပိုက်ဆံရှာမှာပေါ့ ဆရာဝန်တော့မလုပ်ဘူးဆေးမှားထိုးမှာကြောက်လို့ 
နင်ကတော့လေ
ငါကတော့ Cardiac Physician ဖြစ်အောင်လုပ်မှာ
ဘာလို့ လဲ ဟ
သြော်ဒီလိုပါပဲဟာ လုပ်ချင်လို့ ပေါ့
အေးပါအေးပါ ဟဲ့ငါနိုင်ငံခြားသွားမလို့ ငါ့အမျိုးတွေဆီ”
ဟင် ကျွန်မရင်ထဲ ဒိန်းကထဲဖြစ်သွားရတယ်
“အပြီးသွားမှာလားနင်က
သိသေးပါဘူးဟာ အဲဒါတော့ အလည်ခဏသွားမှာ ပျော်တော့လည်းနေလိုက်မှာပေါ့”
သြော်နင်က ပျော်ရင်တဲ့လား
ငါကတော့ ပျော်တယ်ဆိုတာ ဘာလဲဆိုတာတောင် မှုန်ဝါးဝါးဖြစ်နေတာကြာပေါ့ နေ၀င်းရယ်
“ဒါဆိုနင်ကောင်မလေးတွေကော ဘယ်လိုလုပ်မလဲ
ဟာ သူတို့ လည်း သိပါတယ်ဟ ငါ သူတို့ ကိုတကယ်မချစ်မှန်း သူတို့ လည်းအလကားပါဟာ ငါ့ကို ချစ်တာမှမဟုတ်တာ”
နင့်တို့ ကလည်းငါလိုက်လို့ တောင်မမှီတော့ပါဘူးဟာ
“အေး မမှီရင်မလိုက်နဲ့ အေးအေးနေ နင့်ဘာသာ နင်ရည်းစားမထားနဲ့ နော်
ယောက်ျားလေးတွေက မကောင်းဘူးဟ ငါကလွဲရင် ဟီဟီ”
အေးပါဟာ ငါကလည်းနင့်တစ်ယောက်ထဲကိုပဲချစ်ခဲ့တာပါ
အဲဒီစကားကစိတ်ထဲကပဲပြောလိုက်တာပါ အပြင်မှာတော့
“ငါ့ဘာသာထားချင်ထားမှာပေါ့ဟ နင်ကလည်း
အောင်မယ် ရမလားဟ နင့်ငါ့ခွင့်ပြုချက်မရပဲဘယ်ထားလို့ ဖြစ်မလဲ
ဟုတ်ကဲ့ပါ ဖေဖေ ရယ် ကဲ ကျေနပ်ပြီလား
အေးဒါပဲ တာ့တာ”

အဲလိုနဲ့ သူမရှိတဲ့နေ့ တွေကို ကျွန်မတစ်ယောက်ထဲဖြတ်သန်းခဲ့ရတယ်
သူက တစ်ခါတစ်လေ mail ပို့ တယ်
တစ်ခါတစ်လေဖုန်းဆက်တတ်တယ်

တတိယနှစ်ဝက်လောက်မှာ ကျွန်မနေမကောင်းတဲ့အကြိမ်ရေတွေစိပ်လာခဲ့တယ်
စာတွေစများလာတယ် ဆေးရုံလည်းစပြီးသွားပြီး လူနာတွေနဲ့ စသင်ရပြီလေ
ငယ်ငယ်ထဲက ပင်ပန်းလို့ မရခဲ့တဲ့ ကျွန်မ ကျောင်းလည်း ပျက်ရက်တွေများလာရတယ်
ကျွန်မ ဆေးရုံတက်ရပြန်တယ်

သူရုတ်တရက် ကျွန်မဆီရောက်လာခဲ့တယ်
ကျွန်မ ရုတ်တရက် မှင်သက်သွားတယ်

“နင်ပြန်ရောက်လာတယ်”
သူက တစ်ချက်ပြုံးပြတယ်
သူ့ အပြုံးလေးကို မမြင်ရတာကြာလို့ လားတော့ မသိဘူး
သူ့ အပြုံးက တစ်ခုခုကို လေးနက်နေတယ် အဓိပ္ပာယ်တစ်ခုခုရှိနေသလို ကျွန်မပဲစိတ်ထင်လို.့ ပဲလားတော့ မသိ

သူက အိမ်ကိုဖုန်းဆက်တော့ သိလို့ လိုက်လာခဲ့တာတဲ့
နင်နေကောင်းအောင်နေနော်တဲ့
နင့်စကားကြောင့်ငါအားရှိလာရပါတယ်ဟာ
ငါနင့်ကိုသတိရနေတာ တဲ့ သူက

"ငါ ပြန်လာချင်တာ ဟာ ဟိုမှာ ငါ့အိမ်ကလိုက်လာကြတာစောင့်နေရတာ
ခုငါ သူတို့ ကိုပစ်ထားခဲ့တာ နင်ဆေးရုံတတ်နေရတယ်ဆိုလို့ "
“နင်က ငါ့ကိုစိတ်ပူတယ်ပေါ့”

သူ က တစ်ချက်ပြုံးလိုက်ပြီး

“အေးပေါ့ဟ နင်သာနေကောင်းအောင်နေ နင်နေကောင်းရင် ငါနဲ့ တူတူကျောင်းပြန်တတ်ကြမယ်
နင် ကျောင်းပြန်တတ်မယ် ဟုတ်လား
အေးပေါ့ ငါတို့ တူတူကျောင်းတတ်မယ်လေ
စာတူတူကျက်မယ် နင်ကစာတော်တော့ငါ့ကို ရှင်းပြပေါ”့

ကျွန်မ ချက်ချင်းနေပြန်ကောင်းချင်ခဲ့တယ်

ဒါပေမယ့်

ဒါပေမယ့် ကျွန်မကိုယ် ကျွန်မသိခဲ့တယ်
တစ်ရက်တစ်ရက် ချိနဲ့ လာတဲ့ ကျွန်မခန္ဓာကိုယ် အကြောင်းတစ်စတစ်စ သတိထားမိလာတယ်
ကျွန်မရဲ့ သတိတွေလည်းတစ်ချက်တစ်ချက်ေ၀၀ါးလာတယ်
ဒီလိုနဲ့ ပဲ နောက်ဆုံးမှာတော့...

ဒေါက် ဒေါက်
ရှူးဖိနပ်သံကဆေးရုံ နှလုံးကုသဆောင်တစ်ခုလုံး ဆူညံသွားတယ်

"ဟယ် ဆရာလာပြီ"
နဒီခပ်သွက်သွက်လေး ခြေလှမ်းတွေလှမ်းလိုက်တယ်

"ဆရာ ဒီနေ့  သမီးတို. lecture ရှိတယ်နော် သမီးသတိလာပေးတာပါ
အေး အေး ဘယ်အချိန်လဲ သမီး
၉ နာရီပါ ဆရာ
အေးဟုတ်ပါပြီ
Topic က
Congenital Heart Disease ပါဆရာ
သြော်..
အေး ဆရာလာခဲ့မယ်"

နဒီပျော်သွားတယ် ဆရာ့လို နာမည်ကြီး Caridiac Physician ရဲ. leature ရဖို့ က မလွယ်ဘူးလေ

သူမရဲ့ သူငယ်ချင်းမလေးတွေ နောက်ကလိုက်လာတာတွေ့ လိုက်တယ်

"နဒီ ဆရာကဘာတဲ့လဲ လာမှာတဲ့လားဟင်
လာမှာပေါ့ ဟ ဘယ်သူခေါ်တာမလို့ လဲ နဒီပါ ဟ နဒီ"

“နဒီ” သူ စိတ်ထဲက တီးတိုးရေရွတ်လိုက်တယ်
သူ အခုဒီနေရာမှာ ဒီလိုရပ်တည်ခဲ့တာ နဒီ တစ်ယောက်သိရင်ကျေနပ်လောက်ပါရဲ့  နဒီရယ်

နေ၀င်း သူ့ လူနာတွေကို ကြည့်ရင်း သူ့ ရဲ အခန်းထဲဝင်ခဲ့တယ်
သူ locker လေးကို သူ ဖွင့်လိုက်တယ်

ယွန်းဘူးလေးတစ်ဘူး

သူဖွင့်လိုက်တယ်

နေ့ စွဲကိုယ်စီနဲ့ ပီကေခွံလေးများ
ဘယ်နားကျပျောက်သွားမှန်းမသိခဲ့တဲ့ သူ့  နာမည် ထိုးထားတဲ့လက်ကိုင်ပ၀ါတစ်ထည်
ဒိုင်ယာရီစာအုပ် ခပ်သေးသေးတစ်အုပ်

ပထမ စာမျက်နှာ

နေ၀င်း ဒီယွန်းဘူးလေးက နင့်အစားနင် မရှိတဲ့အချိန်မှာ ငါ့အနားအဖော်ပြုပေးခဲ့ တာ
ငါ မရှိတဲ့အချိန်မှာလည်း သူလေးကနင့်ကို သတိရစရာတစ်ချို့ ပေးနိုင်ကောင်းပါရဲ့ ဟာ

ဒုတိယ စာမျက်နှာ

ပီကေကြိုက်တတ်တဲ့ နင်
ငါ့ဘေးမှာ လာထိုင်ပြီးစားရင်း အမှတ်မထင်ပစ်ခဲ့တဲ့ ပီကေခွံလေးတွေ ငါသိမ်းထားခဲ့တာ

တတိယ စာမျက်နှာ

လက်တွေ့ ဆင်းရင် ချွေးထွက်တတ်တဲ့နင်
Chemistry Practical ခန်းထဲမှာ ကျန်ခဲ့တဲ့ နင့်လက်ကိုင်ပ၀ါလေး
ငါသိမ်းပေးထားခဲ့တာ

စတုတ္ထ စာမျက်နှာ

နင် ဒီနေ့ ငါနဲ့ အဝေးဆုံးကို ထွက်သွားတော့မှာနော်
ငါစိတ်ထဲကအကြိမ်ကြိမ်တားချင်ခဲ့တယ်
တားပိုင်ခွင့်ဆိုတာ ငါနဲ့ တော်တော်အလှမ်းဝေးပါတယ် နေ၀င်းရယ်
မသွားပါနဲ့ ဟာ
နင်သွားရင် ငါ ငါ့နှလုံးသားက အရမ်းနာကျင်ခံစားရလိမ့်မယ်

ငါ့ရဲ့  နှလုံးသားက မွေးရာပါ အားနည်းနေခဲ့တာ
ငါ့ လို နှလုံးရောဂါသည်တွေရဲ့ အသက်ကို ကယ်ချင်လို့  ငါ နှလုံးအထူးကု ဖြစ်ချင်ခဲ့တာ
ဒါတွေနင့်ကိုပြောပြဖို့  ခုတော့ နင်အနားမှာ မရှိတော့ဘူးဟာ

ငါ့ ရင်ဘတ်တစ်ခုလုံး ကျေမွကုန်ပါပြီ နေ၀င်းရယ်

ပဉ္စမ စာမျက်နှာ

ငါ့အနား နင်ပြန်ရောက်ရောက်လာခဲ့တယ်နော်
ဒါဟာ ငါ့အတွက်တော့ ဘုရားပေးတဲ့ဆုပါ
ငါ နင်မသိဘဲ ဒီလောကကြီးက ထွက်မသွားချင်ဘူး နေ၀င်းရယ်
ငါ အကြောက်ဆုံးက အဲဒါပဲ

ငါ့ဘ၀ရဲ့ နောက်ဆုံးရက်တွေမှာ ငါ့အနားရှိပေးခဲ့တဲ့ နင်ကို ငါအရမ်းကျေးဇူးတင်ပါတယ်ဟာ
နောက်ဆုံး ငါနင့်ကို ပြောချင်ခဲ့တဲ့ စကားတစ်ခွန်း၊ ဒါပေ့မယ် ငါနင့်ကို ဒီစကားတစ်ခွန်းနဲ့ 
မချုပ်နှောင်ခဲ့ချင်ဘူး။
သေချာတဲ့ အဖြေတစ်ခုကို ငါနင့်မျက်ဝန်းတွေကနေ သိခွင့်ရခဲ့ပြီလေ
ငါ ဆေးရုံမှာ အိပ်ပျော်ချင်ယောင်ဆောင်နေတုန်း နင်ကျခဲ့တဲ့မျက်ရည်တွေရယ် နင်တီးတိုးပြောခဲ့တဲ့ စကားတစ်ခွန်းရယ် ဒါတွေက ငါ့အတွက် လုံလောက်ပြည့်စုံပါပြီ နေ၀င်းရယ်

စာမျက်နှာ ငါးခုပဲပါပေမယ့် နေ၀င်း ဒီစာအုပ်လေးကို ဘ၀တစ်လျှောက်လုံး ဘယ်နှကြိမ်မှန်းမသိသူအထပ်ထပ် ဖတ်ဖြစ်ခဲ့တယ်
ဘယ်တုန်းကမှ ရင်ထဲရောက်မလာနိုင်ဘူးလို့ ထင်ခဲ့ပေမယ့်
နဒီ ဆေးရုံတတ်နေရတယ် ဆိုတဲ့ နဒီ အဒေါ်ဆီက ဖုန်းရလိုက်တာနဲ့ 
နိုင်ငံခြားကနေ Air Ticket ချက်ချင်းဝယ်ပြီး ကောက်ပြန်ခဲ့တာ...
“နဒီ ကဘယ်လောက်မှ မနေရတော့ဘူးတဲ့ သားရယ်” နဒီ့ အဒေါ်ဆီက စကားတစ်ခွန်းတစ်ခွန်းကြောင့် သူ့ ကမ္ဘာပျက်ခဲ့တာ
နဒီကို ဘယ်လိုနည်းနဲ့ ရရ အကောင်းဆုံး ကုသပြီး အနားမှာ အရင်ကလိုရှိစေချင်ခဲ့တာ
နဒီ
နဒီ
နဒီ
နင်ပြောမထွက်ခဲ့တဲ့စကားတစ်ခွန်းကို ငါကို ပြောခွင့်ပေးပါဟာ
ငါနင့်ကိုသိပ်ချစ်တယ်

ငါဆုံးဖြတ်ချက်ချလိုက်တယ် နင်ဖြစ်ချင်ခဲ့တဲ့ Caridiac Physician ဖြစ်အောင်ငါကြိုးစားမယ်

နင် မပြည့်ခဲ့တဲ့ နင့်ရည်မှန်းချက်ကို ငါဖြည့်ဆည်းပေးခဲ့ပါ့မယ် နဒီရယ်

ဒေါက် ဒေါက်

နေ၀င်း အတွေးစတွေပြတ်တောက်သွားခဲ့ရတယ်

“၀င်ခဲ့ပါ
Sister ကြီးက အခန်းထဲဝင်လာခဲ့တယ်
ဆရာ Part 2 lecture ချိန်နီးပြီ ဆရာ

ကျွန်တော်ခုပဲသွားတော့မှာပါ Sister ကြီး’”

နေ၀င်း ယွန်းဘူးလေးကို ပိတ်ပြီး locker ထဲ ပြန်ထည့်ပြီးတစ်ယုတစ်ယသိမ်းလိုက်တယ်။
Professor ဆိုတဲ့ အခန်းထဲကနေ စာသင်ခန်းထဲကိုလှန်းလိုက်တယ်။
နစ္စိဒူဝ သူလျှောက်နေရတဲ့ Cardiac Ward ကြီးကတော့ ဒီတိုင်းပါပဲ
Patient တွေလည်း ၀င်လာလိုက် ထွက်သွားလိုက်နဲ့ ဒီတိုင်းပါပဲ
မပြောင်းလဲတဲ့  သူရင်ထဲမှာလည်း .....................

No comments:

Post a Comment