Sunday, July 17, 2011

ချစ်ခြင်းဟုခေါ်သည်။ ။









သူ့ ကို သူမ စတွေ့ စဉ် အခါတုန်းက သူဟာ ရိုးသားတယ်၊ တည်ကြည်တယ်၊ စိတ်ကောင်းရှိတယ်၊

အဲ့ဒီယောက်ျားတစ်ယောက်ကို ဘယ်နှစ်ခါပဲ ပြန်ကြည့်ကြည့် သူမမျက်လုံးအစုံမှာ မြတ်နိုးစိတ်အပြည့်နဲ့ ပေါ့၊

သူက သူမရဲ့ အသည်းနှလုံးကို ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ အနိုင်ယူသိမ်းပိုက်နိုင်ခဲ့ တယ်။

သူ သူမအတွက်တော့ အဲဒီအချိန်ကစလို့ သူဟာ တစ်ကမ္ဘာဖြစ်လာခဲ့ တော့တယ်။

သူရယ်ရင် သူပြုံးရင် သူမအတွက် "ပြီးပြည့်စုံခြင်း" ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ သူမ မကြာခဏအရည်ပျော်လေ့ရှိတယ်။

သူမက သူ့ ကို အလွန်ချစ်သည်လေ။ ။

သူ ဟာ သူမအတွက်တော့ သာမန်ယောက်ျားဆိုတဲ့ ခေါင်းစဉ်အောက်က သွေဖယ်ဆန့် ကျင်နေတယ်လို့ သူမမြင်မိခဲ့ တယ်။

ချစ်ခြင်း။ မြတ်နိုးခြင်း။ အထင်ကြီးလေးစားခြင်း။ အားကိုးခြင်း။ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ သူမအချစ်ကို အမွှန်းတင်ခဲ့ မိတာပေါ့။

သူနဲ့ သူမ

လက်ထပ်ခြင်းဆိုတဲ့ ချစ်သူတွေ ပန်းတိုင်ထိ သူနဲ့ သူမ လျှောက်လှမ်းနိုင်ခဲ့ တယ်။

ဒီနေ့ ဒီအချိန်က စပြီး တစ်သားတည်းဖြစ်သွားခဲ့ တယ်။

လက်ထပ်ပြီး သိပ်မကြာခင်လေးပဲ သူ နိုင်ငံခြားမှာ အလုပ်ကရာထူးတိုးလို့ နှစ်နှစ်စာချုပ်နဲ့ သူမကို ထားခဲ့ ရတယ်။

သူမ အတွက်တော့ မိုးပြိုတာထက် ဆိုး၇ွားခဲ့တယ်။

သူမမှာ ဖြေသိမ့်စရာဆိုတာ ရှားပါးလွန်းခဲ့ တယ်။

အစမှာတော့ သူ သူမဆီ ညနေအလုပ်ဆင်းတိုင်း ဖုန်းဆက်ခဲ့ တယ်။

ညတိုင်းနီးပါး အေးအေးဆေးဆေး စကားပြောပြီး၊ သူပင်ပန်းသမျှ၊ အလုပ်မှာ အဆင်မပြေသမျှ၊

သူမကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ရင်ဖွင့် ပြောပြလေ့ရှိတယ်။

သူမ သူကို ညတိုင်း နှစ်သိမ့်ဖေးမခဲ့ တယ်။

ဒီလိုနဲ့ သူနဲ့ သူမရဲ့ နေ့ ရက်တွေ ကုန်ဆုံးခဲ့ တယ်။

သူလုပ်သက်တစ်နှစ်ပြည့်တော့ သူအိမ်ပြန်ဖို့ ခွင့်ရမှာလား သူမမေးခဲ့ တယ်။

သူမပြန်လာနိုင်ခဲ့ ပါဘူး သူကတော့ အလုပ်တွေ အပြီးသတ်စရာ ရှိသေးတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့ 

သူမဆီက စကားလုံးတွေကို ဆွံ့ အစေခဲ့ တယ်။

တစ်ရက်မှာတော့ သူ သူမကို ထူထူးဆန်းဆန်း မေးခွန်းတစ်ခုမေးခဲ့ တယ်။

သူမ ဘ၀ထဲက သူအပြီးအပိုင်ထွက်သွားခဲ့ ရင် သူမဘယ်လိုခံစားရလိမ့်မလဲ တဲ့။

သူမ ဘယ်လိုခံစားရလိမ့်မလဲ ?

ဒီမေးခွန်းတစ်ခုထဲနဲ့ သူမ ခံစားရဖို့ လုံလောက်သွားခဲ့ ပြီဆိုတာ သူမသိရက်ခဲ့ လေသလား။

သူမ သိနေခဲ့သည်လေ။

သူမ ကိုယ်တိုင် သူရဲ့ ပြောင်းလဲမှု မှန်သမျှကို နေ့ စဉ်နဲ့ အမျှ ရင်ဆိုင်နေရသူ ၊ နေ့ စဉ်နဲ့ အမျှ သူဖုန်းကို မျှော်နေရသူ၊

သူ စာကိုမျှော်နေရသူ၊ သူပြန်လာမဲ့နေ့ ကို စောင့်နေရသူ။

သူမ ခဏတော့ ငြိမ်သက်သွားခဲ့ တယ်။

သူကိုယ်တိုင်လည်း ခဏ ဆွံ့ အသွားခဲ့ တယ်။

ပြီးမှ သူက သူမကို စတာပါတဲ့ လေ။

သူမ သိပ်ချစ်ရတဲ့ သူ၊

သူက သူမ စိတ်တစ်ခုလုံး နာကျင်ပျက်သုဉ်းလောက်အောင် နင်းချေရက်ခဲ့ ပြီးမှ စတာပါတဲ့ လေ။

သူုမ သိနေခဲ့ ပါတယ်။ အရာ အားလုံးကို သိနေခဲ့ ပါတယ်။

သိနေတယ်ဆိုတဲ့ စကားလုံး ရဲ့ အဓိပါယ်က လေးနက်လွန်းပါတယ်။

တစ်စုံတစ်ရာ ဆိုပြီး လက်ဆုပ်လက်ကိုင် ပြစရာမလို နိုင်လောက်အောင် သူမ သူအပေါ် နားလည်နေလွန်းခဲ့ တယ်။

နှစ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာက လူတစ်ယောက်ကို လုံလောက်စွာ ပြောင်းလဲပစ်နိုင်တာ ဒါဟာ ရက်စက်လွန်းတဲ့ ကံကြမ္မာပါ။

အဲ့ဒီညက သူမ ရင်တစ်ခုလုံးပွင့်အက်ကြေကွဲရလောက်တဲ့  အထိ ငိုကြွေးခဲ့ တယ်။

နောက်တစ်နေ့ မနက်မှတော့ သူမ သူ့ အတွက် အလေးနက်ဆုံး အရာတစ်ခု ကို လုပ်ပေးဖို့ ဆုံးဖြတ်နိုင်ခဲ့ တယ်။

သူ့ အတွက် စာချုပ်နှစ်ခု သူမ ပို့ ပေးခဲ့ တယ်။

တစ်ခုက သူမနဲ့ သူနဲ့ လက်ထပ်စာချုပ်၊ လွန်ခဲ့ တဲ့ နှစ်နှစ်က ရက်စွဲ တစ်ခု နဲ့  သူ့ လက်မှတ် နဲ့ သူမ လက်မှတ်။

တစ်ခုက သူအတွက် ကွာရှင်းစာချုပ်။ ဒီနေ့ ရက်စွဲ နဲ့ သူမလက်မှတ်။

သူ သူမကို ဆုံးရှုံး လိုက်ရပါပြီ ။ ။

သူမ သူမမြင်နိုင်တဲ့ အဝေးဆုံးနေရာ တစ်ခုကို ထွက်သွားလိုက်ပါပြီ။ ။

သူမ ရင်ထဲမှာ ပေါ့ပါးလန်းဆန်းနေခဲ့ တယ်။

သူမ သူ့ ကို အစွမ်းကုန် ချစ်ပြနိုင်ခဲ့ သည်လေ။

တကယ်တော့ စာချုပ်တွေ။ ပညာတ်ချက်တွေ ကြားကနေ ချစ်သူကို စွန့် လွှတ်နိုင်တဲ့ ချစ်ခြင်းဆိုတာ မြင့်မြတ်လွန်းအားကြီးပါတယ်။

သူမ သူ့ ကို ဆုံးရှုံးလိုက်ရတယ်။

ဒါဟာ သူမရဲ့ အချစ်ကို ထာဝရပိုင်ဆိုင်ခွင့်ရလိုက်တာပါ။ ။

သူမ သူ့ ကို ထာဝရလွတ်လပ်ပေါ့ပါးစွာ ချစ်နေနိုင်သည်လေ။ ။

အချစ်ဆိုတာ နူးညံ့သိမ်မွေ့ လွန်းလှပါတယ်။ ။

ပိုင်ဆိုင်နေရရုံ တစ်ခုတည်းနဲ့ ပူလောင်နေရမယ့် အစား

လှောင်အိမ်တစ်ခုထဲ က ငှက်ကလေးတစ်ကောင်ကို လွှတ်ပေးလိုက်နိုင်တာလည်း ဒါဟာ ချစ်ခြင်းမည်ပါတယ်။ ။

သူမကတော့ သူမချစ်ခြင်းကို ထာဝရလွတ်လပ်စွာချစ်နေခြင်း လို့  အမည်ပေးလိုက်တယ်။ ။

သူမကတော့ သူမချစ်ခြင်းကို ထာဝရလွတ်လပ်စွာချစ်နေခြင်း လို့  အမည်ပေးလိုက်တယ်။ ။

Sunday, May 15, 2011

ကျွန်မ အသက် ၂၅










ကျွန်မ အသက် ၂၅

ဘ၀ ဆိုတဲ့ ပင်လယ်ထဲ

ကူးရင်းခက်ရင်း ရုံးကန်ရင်းနဲ့ 

သတိရလို့ အနားပြန်ကြည့်မိတော့

ငါအနားမှာ ဘယ်သူမှမရှိတော့ပါလား။

ဆုတောင်းပါ၇စေ...

ဒါဟာအိပ်မက်ဆိုးတစ်ခုဖြစ်ရင်

ခုချက်ချင်းပဲလန့် နိုးရပါလိုဧ။် ။


ကျွန်မ အသက် ၂၅

လူမခက်ထန်ပေမယ့် 

စိတ်နှလုံးတွေခက်ထန်လာတယ်

တားဆီးလို့ မရတဲ့ ဒေါသတွေ

ဖြစ်တည်လာတယ်

အလိုမကျခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ

လူတွေနဲ့ ဝေးရာကိုပဲ

ပြေးထွက်ချင်တော့တယ်။ ။

ဘုရားရေ ငါဘာတွေ ဖြစ်နေပါလိမ့်။ ။


ကျွန်မ အသက် ၂၅

လူတွေက မျက်လုံးစိမ်းတွေနဲ့ 

အဲဒီအခါ လူတွေကို

အစိမ်းသက်သက်တုန့် ပြန်ခဲ့ တာ

ငါပဲမှားနေလား?

ရုတ်တရက် အထီးကျန်ခြင်းတွေ

တံခါးခေါက်ခေါက်လာတယ်

ပူနွေးနွေးအရည်တွေ

ပါးပေါ်ကခဏ ခဏဆင်းကျလာတယ်

တစ်ဆိတ်

ခဏလောက်တော့ ငါလွတ်မြောက်ချင်တယ်။ ။


ကျွန်မ အသက် ၂၅

ငါ ဆိုတာဘာလဲ?

ငါ ကဘာကိုလိုချင်တာလဲ?

ငါ ကဘာတွေဖြစ်နေတာလဲ?

ငါ ကဘာတွေဖြစ်အုံးမှာလဲ?

ဝေခွဲမရတဲ့ ဒီအခန်းကျဉ်းထဲ?

ငါတစ်ယောက်ထဲ။ ။

Saturday, March 12, 2011

နွေဦးညမှာ မြူခိုးဝေခဲ့တယ်~~~
















မြူ


မြူခိုးဆိုတာ

ဆောင်းမနက်ခင်းတွေကို

လှပစေတဲ့  ကဗျာတစ်ပုဒ်

ဒါပေမယ့် 

ငါ့အတွက်တော့

အဲဒီ့မြူခိုးက

နွေဦးညမှာ ဝေခဲ့ တာ~~




ကော်ဖီတစ်ခွက်

ကဗျာတစ်ပိုဒ်

သီချင်းတစ်ပုဒ် ရှိရင်

ငါ့ဘ၀ပြည့်စုံပြီလို့ ထင်ခဲ့ တာပဲ

ဒါပေမယ့်

အပြီးမသတ်နိုင်တဲ့ 

ကဗျာတစ်ပုဒ် မဆုံးခင်

နင်က

ငါ့ဘ၀ရဲ့ နောက်ဆုံး ကဗျာတစ်ပုဒ်ကို

အလှပဆုံးဖြစ်အောင် ဖန်တီးပေးသွားခဲ့ တာ

နောက်ထပ်ဆိုတာ မရှိနိုင်လောက်တဲ့ အထိ

နင်ရေးသီတဲ့ အသုံးအနှုန်းတွေ

ပြည့်စုံလှပနေခဲ့ တာ

နင်ရေးစပ်တဲ့ ကဗျာကကြိုးမှာ

ငါ အခါခါနစ်မျောခဲ့ တာ~~~


သက်ရှိသက်မဲ့ အရာတွေ အားလုံးကို

“ဒြပ်” လို့ ခေါ်တယ်တဲ့ 

ငါ့အတွက်တော့

နင့်အချစ်က

မြူခိုးလိုပဲ

အသက်လဲမဲ့ သလို ဒြပ်လဲမဲ့ ခဲ့ တယ်

လိုက်လံဖမ်းဆုပ်ဖို့ အားအင်ကိုကုန်ခမ်းစေခဲ့တယ်

ငါ့အသိနဲ့ ငါ့အမြင်ကို

နင့် အရောင်တွေနဲ့ ဖုံးစေခဲ့ တယ်

အနာဂတ်လမ်းတွေလဲေ၀၀ါးခဲ့တယ်

ငါ့ဘ၀ကို

ဦးနှောက်မပါဘဲ

နှလုံးသားနဲ့ ထုဆစ်စေခဲ့ တယ်~~~


မြူခိုးရယ်

ငါ့နွေညမှာဆက်လက်ဝေပါ

မပြီးသေးတဲ့ ခုနှစ်စဉ်ရောင်ကကြိုးနဲ့ 

ငါ့ကို ပြုစားလှည့်ပါ

ငါ့ဘ၀နဲ့ ငါ့ညကို

ငါ

အဖြူရောင် မက်မောမှုအခါရှစ်သောင်းနဲ့ 

အသက်သွင်းပေးခဲ့ ချင်လို့ ~~~




မြူ

မြူခိုးဆိုတာ

ဆောင်းမနက်ခင်းတွေကို

လှပစေတဲ့  ကဗျာတစ်ပုဒ်

ဒါပေမယ့် 

ငါ့အတွက်တော့

အဲဒီ့မြူခိုးက

နွေဦးညမှာ ဝေခဲ့ တာ~~~

Sunday, August 8, 2010

ကိုယ်တိုင်ရေးဘဝ





















ဒီလောကကြီးမှာ
ရွေးရခက်တဲ့လမ်းလောက်
ငါ့ကိုရင်ခုန်စေတာ
နှစ်ယောက်မရှိဘူး


ပညတ်ထားတဲ့
အရာတွေကို
ချိုးဖောက်ဖို့ ဆိုတာ
ငွေလည်းလိုတယ်
ရေလည်းလိုတယ်


မနက်တိုင်း
ဘာထူးလဲဆိုတဲ့
စကားသံအောက်
မှောက်ရက်သာပစ်လဲလိုက်ချင်ရဲ့ 
ဲ့ 


မနည်းလှတဲ့ 
ဖိအားတွေအကြား
အဆင်ပြေလားဆိုတဲ့ 
မေးခွန်းတွေအကြား
XXXXXX ကြား
ငါကိုယ့်ငါတောင်
ဘာလဲလို့ မစဉ်းစားမိအောင်
ငါနေတယ်


တဆိတ်
ငါ့ကိုလာလာမစားကြပါနဲ့ 
ရွာဦးကျောင်းက
ခေါင်းလောင်းသံကြားရင်
သွေးပျက်လောက်အောင်
ခေါင်းတွေကိုက်လွန်းလို့ 

Wednesday, August 4, 2010

သွားတုကလေးအဆစ်ပါသွားပြီ


"ကိုကို ငယ့်ကိုစောင့်ဦးလေ"

"ငယ်မှီအောင်လိုက် မှီအောင်လိုက်"

"ကိုကို ငယ်မပြေးနိုင်တော့ဘူး အရမ်းမောနေပြီ"

"အား"

ငယ် လောကကြီးနှင့် ခဏအဆက်အသွယ်ပြတ်သွားသည်။

ငယ် ရုတ်တရက် မျက်လုံးပြန်ဖွင့်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံးကိုင်ရိုက်ထားသလို နာကျင်နေတာကိုခံစားလိုက်ရတယ်

"ကိုကို ကိုကို"
ငယ် သတိလက်လွတ်ရေရွတ်လိုက်မိတယ်

"ငယ် ကိုကို ရှိတယ်လေ ငယ့်နားမှာ ကိုကိုရှိတယ်"

"ဟင် ကိုကို ငယ် ငယ် ဘာဖြစ်သွားတာလဲဟင် ကိုကို"

"ငယ် ကိုကို့ နောက်ကိုပြေးလိုက်ရင်းနဲ့ စက်ဘီးနဲ့ တိုက်မိတာ
တော်သေးတယ် စက်ဘီးဖြစ်နေလို့  နို့ မို့ဆို ကိုကိုရင်ကျိုးရမှာ
စာမေးပွဲက နီးနေပြီ နောက်ဆို ကိုကိုလည်းမဆော့တော့ဘူး
ငယ်လည်းမဆော့နဲ့ တော့"

"ဟုတ်ကဲ့ ကိုကို"
ငယ် နှစ်လိုစွာပဲ ခေါင်းငြိမ့်ပြခဲ့ မိတယ် ငယ်က ကိုကို့ စကားဆို မပယ်ရှားဝံ့သူလေ

နောက်တစ်နေ့ မနက်မိုးလင်းတော့
"မေမေ"
ငယ်အာခေါင်ခြစ်ပြီးအော်မိတယ်

မေမေ အပြေးအလွှားပဲ အခန်းထဲဝင်လာတယ်
"ဘာဖြစ်ရတာလဲသမီးရယ်"

"မေမေ ငယ် ငယ့် ရှေ့ သွားကို ကြည့်ပါဦး မေမေရဲ့ အီးဟီးဟီး"

"သြော်သမီးရယ် မေမေကဘာများဖြစ်လဲလို့  အဲဒါသမီးဟိုနေ့ က သမီး စက်ဘီးတိုက်လို့ ချော်လဲရင်းဖြစ်သွားတာနေမှာပေါ့ သမီးရယ်
သိပ်မသိသာပါဘူးသမီးရဲ့ "

"ဟီး ငယ်ရုပ်ဆိုးပါပြီ့ အီးဟီးဟီး
တော်ပြီ ဒီနေ့ ကစပြီး ဘယ်မှမသွားတော့ဘူး ကိုကိုနဲ့ လည်းမတွေတော့ဘူး
အီးဟီးဟီး "

"ငယ် သမီးအဲလို မဆိုးရဘူးလေ"

"ငယ်ရေ ငယ်ရေ ကိုကို နဲ့ စာတူတူလုပ်မယ်လေ"

"သားကိုကိုအောင် လာလေ ဒီမှာ ငယ်တစ်ယောက်သောင်းကျန်းနေလို့ "

"ဟုတ်လားငယ် ဘာဖြစ်တာလဲ ကိုကို့ ငယ်လေးကလိမ္မာပါတယ် "

"အေး မင်းညီမကို မင်းဘဲ ကြည့်ပြောတော့ကွယ် အန်တီမေ တော့ မနိုင်တော့ဘူး"

"ဟုတ် တီမေ"

"ကဲ ငယ်လေးပြော ဘာဖြစ်လဲ"
ကိုကို က ချစ်စနိုးဖြင့်ပြောလိုက်တယ်

"ကိုကို ကိုကိုနဲ့ ဟိုနေ့ ကဆော့ရင်းချော်လဲတော့ ငယ်ရှေ့ သွားလေးပဲ့သွားတယ် ကိုကို ငယ့် သွားတွေက ငယ်သွားလဲပြီးသားကိုကိုရဲ့  ငယ်တော့ ရုပ်ဆိုးပါပြီကိုကို ရယ်"

"သြော် ငယ်ရယ် ကိုကို့ ကိုပြစမ်းပါဦး
သိပ်မသိသာပါဘူးငယ်ရဲ့  ပြီးတော့ ကိုကို့ ငယ်လေးက ချစ်ဖို့ ကောင်းပြီးသား
ကိုကို့ အတွက်တော့ ငယ်က queen ဟုတ်ပြီလား"

"ကိုကို တကယ်ပြောတာနော် "

"တကယ်ပေါ့ငယ်ရဲ "့

" လာ စာလုပ်ရအောင်နော် ငယ်စာမေးပွဲနီးပြီ လေ
ကိုကိုလည်းအားနေတုန်း စာတူတူလုပ်ပေးလို့ ရတာ နောက်လဆို ကိုကိုလည်း အမှတ်ထွက်ရင် တက္ကသိုလ်စတက်ရတော့မှာ"

"အင်းပါကိုကိုရဲ့  ကိုကို ဘာတက်မယ်လို့ စဉ်းစားထားလဲဟင်"

"အင်း အရင်တုန်းကတော့ ရတာတက်မယ်လို့ စဉ်းစားထားတာ
ခုတော့ ကိုကို ဖြစ်ချင်တာ တစ်ခုရှိသွားပြီ
ငယ်လေးကို နောက်မှပြောပြမယ်နော် လာ စာလုပ်မယ်"

"ဟုတ်ကဲ့ ကိုကို"
ငယ့်စိတ်ထဲက ၀မ်းနည်းတယ်ဆိုတာတွေ ဘယ်အရပ်ကို လွင့်စင်သွားမှန်းတောင် ငယ် ကိုယ်တိုင်မသိလိုက်ပါဘူး အဲလောက်ထိ ကိုကိုဟာ ငယ်အပေါ်လွှမ်းမိုးနိုင်သူလေ...

ဒီလိုနဲ့ နေ့ တွေလတွေပြောင်းလာလိုက်တာ ငယ်လည်းကျောင်းပြီးလို့ ဟောက်စ်စ ဆင်းရပြီ
ကိုကိုကတော့ ကိုယ်ပိုင်ဆေးခန်းတောင်ဖွင့်ထားနိုင်နေပြီလေ
ငယ်နဲ့ ကိုကိုနဲ့ ကြားထဲက သံယောဇဉ်ကတော့ အဖြူရောင်ထက် ပိုခဲ့ကြပြီလေ

မှတ်မှတ်ရရ ကိုကို့ ဆေးခန်းပထမဆုံးဖွင့်တဲ့နေ့ 

"ငယ် ကိုကို့ ဆေးခန်းကို ငယ် ဂျူတီပြီးရင် ၀င်ခဲ့နော်"

"အင်းပါကိုကိုရဲ့ ငယ်မပါလို့ ကိုကို့ ဆေးခန်းဖွင့်ပွဲက ဘယ်ပွဲစည်ပါ့မလဲ ဟုတ်ဘူးလား"

"အေးပါ ညည်းလေးသာ မြန်မြန်ရောက်အောင်လာ ဒီရောက်တော့ သိမှာပေါ့"

"ဟုတ်ကဲ့ကိုကို"

ဒေါက်တာ ကိုကိုအောင်( BDS YGN)
ဆိုင်းဘုတ်လေးကိုကြည့်ပြီး ငယ်တစ်ယောက်ထဲပီတိဖြစ်ရပါတယ် ကိုကို
ပြီးမှ ငယ်ဆေးခန်းထဲဝင်ခဲ့လိုက်တယ်

"ငယ် ရောက်လာပြီလား
လာ"

"ဟင် ကိုကို ငယ်ကဘာလုပ်ရမှာလဲ "

"လာပါငယ်ရဲ့  ကိုကို့ ကိုငယ်ယုံတယ်ဟုတ်"

"ယုံတာတော့ယုံတာပေါ့ ကိုကိုရဲ့  ဒါပေမယ့် ဒီ patient chair ပေါ်တော့ မတက်ရဲဘူး"

"ဘာလဲ ငယ်လေးက ကိုကို့  patient မလုပ်ချင်ဘူးလား
ကိုကို ငယ်လေး ကိုပြောပြစရာတွေရှိတယ်
ကိုကို ဘာလို့ dentist ဖြစ်ချင်ခဲ့လဲ ငယ်သိလား"

"ဟင့်အင်း ငယ်မသိဘူး ကိုကို"

"အင်း
ငယ် ၁၀ တန်းဖြေခါနီး ကိုကိုကြောင့် ငယ်ရှေ့ သွားလေးပဲ့သွားခဲ့တာ မှတ်မိလား
ဟာ ကိုကိုကလည်း အဲ့ဒါကိုကို့ ကြောင့် မဟုတ်ပါဘူး ငယ့်ဘာသာသတိမထားမိလို့ ဖြစ်သွားတာပဲဟာ
ဘာပဲပြောပြော အဲ့ဒီနေ့ ကငယ်ငိုနေတာကြည့်ပြီး ကိုကိုစိတ်ထဲမှာ ဆုံးဖြတ်ချက်ချခဲ့တာ ငါကိုယ်တိုင် ငါ့လက်နဲ့ ငယ့်သွားလေးကို ပြန်ဖာပေးမယ်လို"့ 
သြော် ကိုကိုရယ် ငယ်စိတ်ထဲက တီးတိုးရေရွတ်မိလိုက်တယ်

"ဒါပေမယ့်ကိုကို ငယ်ကြောက်တယ်"

"ငယ်လေးရဲ့ ကိုကို့ ကိုယုံရင် ငြိမ်ငြိမ်လေးနေ ခဏပဲ မကြာဘူးဟုတ်လား
ပြီးတော့ တလက်စထဲ scaling ပါ လုပ်ပေးမယ်နော် ငယ်က ကိုကိုရဲ့ ပထမဆုံး patient ပဲ"

"မဝေရေ scaling set ပြင်ထားလိုက်နော် ခဏနေစမယ်"ကိုကိုက သူ့  assitant ကိုလှမ်းအော်ပြောလိုက်တယ်

"ငယ် မကြောက်နဲ့ နော် ကိုကိုရှိတယ်"

"ကိုကို ငယ့်သွားက ကိုကိုဖာပေးပြီးရင် ဘယ်လောက်ခံမှာလဲဟင်"

"ကိုကို ဆရာတစ်ယောက်ပြောဖူးတာရှိတယ် ငယ်
ဘုရားကပေးတဲ့သွားတွေတောင် ပိုးစားတယ် ကြိုးတယ် ပဲ့တယ် အမျိုးမျိုးဖြစ်တယ်
ကိုကိုတို့ က အဲဒီ ပျက်စီးသွားတဲ့ သွားတွေကို ပြန်ပြုပြင်ပေး အလှဆင်ပေးတာပဲရှိတာ နဂိုမူလအတိုင်းပြန်ဖြစ်အောင်တော့ မစွမ်းဆောင်နိုင်ကြဘူး အတတ်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးဖို့ ကတော့ ကိုကိုတို့ တာဝန်ပေါ့ ငယ်ရယ် ဟုတ်ပြီလား"

နှစ်နာရီလောက်ကြာတော့
"ကဲ ငယ်ရော့ မှန်ကြည့်ကြည့်ပါဦး"

"ဟယ် ကိုကို ငယ့်ရှေ့ သွားလေးနဂိုလိုပဲပြန်ဖြစ်သွားပြီနော်
ကိုကိုကတော်သားဘဲ ဒီလိုဆိုတော့လည်း"

"အေး ကိုကိုမှာမယ်နော် ငယ်သွားကိုအရမ်းကြမ်းကြမ်းမတိုက်ရဘူး
ပြီးတော့ မကလိရဘူး ညည်းလေးကလက်ကအငြိမ်နေတာမဟုတ်ဘူး"

"အင်းပါကိုကိုရဲ့  ပြီးပြီမဟုတ်လားကိုကို
ဆေးခန်းလည်း ဒီနေ့ လူသိပ်လာသေးမှာ မဟုတ်ပါဘူး လာကိုကိုနဲ့ ကြေးအိုးသွားသောက်မယ် ငယ်ဗိုက်ဆာပြီ "

"ငယ်ခုမှ scaling လုပ်ထားတာ သွားကျင်လိမ့်မယ်"

"ဟာရပါတယ် ကျင်ပါစေ ကိုကိုရဲ့ ကြေးအိုးစားရလို့ ကတော့ကျင်ပါစေ"

"အစားပုတ်လေး "

ငယ်အဲဒီကစပြီး နေ့ တိုင်းမှန်ကြည့်တိုင်း ကိုကိုဖာပေးတဲ့ သွားတုကလေးကို
လက်နဲ့ စမ်းစမ်းပြီးကြည်နူးရတာ အမောပါ

အချိန်တွေကြာလာတာနဲ့ အမျှ ငယ်ကလည်း ကိုကို့ ကို အရင်ကထက်ပိုပြီး အူတိုတတ်လာတာပါပဲ

"ကိုကို ဘယ်ရောက်နေလဲ ကိုကိုဆေးခန်းမှာလေ ငယ်ရဲ့  ခု patient ကြည့်နေတယ် ပြီးမှပြန်ဆက်လိုက်မယ်နော်"

"နေဦး အဲဒီ patient ကမိန်းမလား ယောကျာ်းလား မိန်းမဆိုရင်ရော ဘယ်အရွယ်လဲ ကောင်မလေးလား နာပ်စ် မမကော အနားမှာရှိရဲ့ လား"

"ငယ် ကိုကိုဖုန်းပြန်ဆက်မယ် ဟုတ်ပြီလား ခုဖုန်းချလိုက်ပြီနော် "

ငယ် ဆွေ့ ဆွေ့ ခုန်ပြီး ကျန်ခဲ့တယ်
ငယ်ငယ်ထဲက အရိုးစွဲလာတဲ့ ကိုကို့ အတွက် ငါကနံပါတ်တစ်ပဲဆိုတဲ့ အစွဲက ကြီးတဲ့အထိဖျောက်မရခဲ့ဘူး

"သွေးတိတ်သွားရင် ဂွမ်းဖယ်လိုက်တော့နော် ပြီးရင် ဒီပိုးသတ်ဆေးသောက်လိုက်
ငယ်သွားဆိုတော့ တော်သေးတာပေါ့ဗျာ"
ကိုကိုနဲ့ အတူ ချာတိတ်လေးတစ်ယောက်ရယ်လူလတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ရယ် ထွက်လာတယ်

"ငယ် ရောက်လာတာလား"

"ဟုတ်တယ် ကိုကိုကဘာလို့ ဖုန်းချသွားသေးလဲ"

"သြော်ငယ်ရယ် ငယ်ကလေးလေးမဟုတ်တော့ဘူးနော် အရာရာကို လူကြီးဆန်ဆန်စဉ်းစားတတ်ဖို့ ကောင်းပြီ
ကဲကဲ စိတ်မကောက်နဲ့ တော့နော် ကိုကိုနဲ့ တူတူပြန်မယ်ဟုတ်ပြီလား"

"ဟင်း ကိုကိုနော် ကောင်မလေးငယ်ငယ်လေးတွေ ဆို လက်ခံပြီးမကုရဘူး ကို့ သူငယ်ချင်းတွေကို လွှဲပေးလိုက် "

"သြော် တော်တော်ကောင်း ညည်းလေးကျရင်ရော ကောင်လေးတွေကုရမှာပဲလေ မဟုတ်ဘူးလား
ငယ်ရယ် လူကြီးဆန်စမ်းပါ ဆရာဝန်မကြီးတောင်ဖြစ်နေပြီ ခုထိကလေးဆန်နေတုန်းပဲ"
ကိုကိုက ငယ်ခေါင်းကိုပုတ်ရင်းပြောလိုက်တယ်

"ကိုကို အတွက်ဆိုငယ်က ကလေးဘဲဖြစ်ချင်တာဘဲ
တစ်ခြားသူအတွက်လူကြီးကိုကို့ အတွက် ကလေး ဟုတ်ပြီလား"

"ကဲပါ ဟုတ်ပါပြီ လာ ငယ်ကြိုက်တဲ့ ကော်ရည်ခေါက်ဆွဲသွားစားမယ် ပြီးမှ ကိုကိုပြန်လိုက်ပို့ ပေးမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ကိုကို"
ငယ်စိတ်ကောက်လည်း ဒီလိုနဲ့ ပဲပြန်လျှော့လိုက်ရတာပါဘဲ

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ မအားသေးပါ "
ငယ် အဲ့ဖုန်းထဲကမိန်းမကိုတောင် အမြင်ကတ်ချင်လာတယ်
တောက် ဖုန်းကလည်း ဘယ်သူနဲ့ ပြောလို့ ဒီလောက်တောင် အကြာကြီးမအားရတာလဲ
ခဏကြာတော့ လိုင်းဝင်သွားတယ်

"ကိုကို" ငယ် အာခေါင်ကို ခြစ်ပြီးအော်လိုက်မိတယ်

"အား ငယ် ငယ် ဘာဖြစ်လဲ"

"ကိုကို့ ဖုန်းဘာလို့ မအားတာလဲ"

"သြော် ကိုကို့ သူငယ်ချင်းတစ်ယောက် နိုင်ငံခြားကပြန်ရောက်လာလို့ မတွေ့ တာကြာလို့ စကားပြောနေတာပါကွာ"

"ကိုကို လုပ်တာငယ်ဒီမှာ သွေးတိုးသွားပြီ ခေါင်းတွေတောင်ကိုက်သွားပြီ
အဲ့ဒါကိုကို့ ကြောင့် မုန်းတယ် ကိုကို့ ကို"

"ငယ်လေး တီမေ အိပ်သွားပြီလား ဒီလောက်မိုးချုပ်နေပြီကို အိပ်နေပြီပေါ့ "

"ငယ်တောင် ကိုကို့ ဆီဖုန်းဆက်နေလို့ မအိပ်သေးတာ"

"ငယ်ခြံထဲမှာလား "

"အင်း"

"ဒါဆိုကိုကိုနောက်၅ မိနစ်လောက်နေရင်ရောက်မယ်စောင့်နေနော်"

"ဟုတ်"
ငယ်အရမ်းပျော်သွားမိတယ် ဒါပေမယ် ရုပ်ကိုမှုန်တေတေနဲ့ စိတ်ကောက်မပြေချင်ယောင်ဆောင်လိုက်တယ်
ခဏကြာတော့ ကိုကိုခြံတံခါးဝရောက်လာတယ်

"ဒီအချိန်ကြီးမှ ဘာလာလုပ်တာလဲ မနက်ဆေးခန်းသွားရမှာမလား"

"ကိုတို့ လည်းလူကြီးတွေမသိအောင်ခိုးပြီးချိန်းတွေ့ ဘူးချင်လို့ ပေါ့ကွ ဟားဟား"

"ငယ်ခြံသော့သွားယူလိုက်ဦးမယ်"

"နေ ငယ် မယူနဲ့ တော့ ဒီနားခဏလာဦး"

ငယ်ခြံတံခါးနားကပ်သွားလိုက်တော့ ငယ့်ပါးလေးတစ်ဖက်ပူနွေးသွားတယ်

"ငယ်လေးအိပ်တော့နော် ကိုကိုသွားပြီ"

"ဟုတ်ကဲ့ ကိုကို"

တီ တီ
"ဟဲလို သြော် မဝေ စောစောစီးစီးဘာဖြစ်လို့ လဲ ကိုကိုရောက်ပြီလား ဆေးခန်းမှာ ဘာဖြစ်လို့ လဲ"

"ဘာမှမဖြစ်ပါဘူး မငယ်ရယ် ဒီနေ့ မနက်မဝေဆေးခန်းလာတော့  ဆေးခန်းတံခါးမှာ နှင်းဆီပန်းအနီတစ်ပွင့်ရယ် စာတစ်စောင်ရယ်တွေ့ တယ်မငယ်
စာအိတ်ပေါ်မှာ ဒေါက်တာကိုကို အတွက်တဲ့ "

"ဟင်
မဝေ ကိုကို့ ကိုဘာမှမပြောနဲ့ ဦး ကိုကို ဆေးခန်းမလာလောက်သေးပါဘူး
ငယ်ဆေးရုံမသွားခင် ဆေးခန်းကိုဝင်လာမယ် မဝေခဏသိမ်းထားလိုက်"

"ဟဲလို ကိုကိုအားပြီလား"

"အင်း ဒီ patient တစ်ယောက်ပြီးရင်အားပြီ ငယ်
အရေးကြီးလို့ လား အင်း ကိုကိုဆေးခန်းကအပြန် ငယ့်ဆီဝင်ခဲ့ပါဦး"

"ငယ်ပြောစရာရှိလို့ 
ဟုတ်ပြီလေ ကိုကိုဝင်ခဲ့မယ် ဖုန်းချလိုက်မယ်နော် ဒါဆို"

"ကိုကို ဒီမှာ ကြည့်ပါဦး
ကိုကို ဘာတွေဘယ်သူနဲ့ ရှုပ်ထားတာလဲ
ငယ်သည်းမခံနိုင်ဆုံးလုပ်ရပ်ကို ကိုကိုလုပ်ခဲ့တယ်
အဲဒီအတွက် ငယ့်ကို ကိုကိုဖြေရှင်းပါ"

"ဘာတွေလဲ ငယ်ပြောနေတာ ကိုကိုနားမလည်တော့ဘူး"

"ဒီမှာ ကိုကိုဒီစာကိုဖတ်ကြည့်လိုက်ပါဦး
Mr.Guitar 7pm ဆိုတာဘာလဲ
ကိုကို နဲ့ ဘာမှမဆိုင်ဘဲ ဒီမိန်းမက ကိုကို့ ကိုချိန်းရဲမှာလား
ကိုကို ငယ့်နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာငယ်ဘယ်သိနိုင်မှာလဲ"

"ငယ် ကိုကိုငယ်ကို့ တစ်ခုမေးမယ်
ငယ်ကိုကို့ ကို မယုံဘူးလား
ငယ် ဒီလိုစကားတွေပြောတယ်ဆိုထဲက ကိုကို့ သိက္ခာကိုအရမ်းထိခိုက်တယ်
ဘယ်ကလာမှန်းမသိတဲ့ စာတစ်စောင်အတွက် ငယ်ကိုကို့ ကိုစော်ကားလိုက်တာပဲ
ငယ် ကိုကို ငယ့်ကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ပေမယ့် ဒီတစ်ခါတော့ ငယ့်ကို စိတ်ဆိုးရလိမ့်မယ်
ကိုကို မလုပ်တဲ့ကိစ္စတစ်ခုတစ်ခုအတွက်ကိုကို ငယ့်ကိုမဖြေရှင်းဘူး
ငယ် ကိုယ့်ဘာသာစဉ်းစားပြီး ဆုံးဖြတ်ပါ
ငယ့်ဆုံးဖြတ်ချက်ကို ကိုကိုလေးစားမယ် ဟုတ်ပြီလား
အဲဒါဘာလို့ လဲဆိုတော့ ကိုကို ငယ့်ကိုလူကြီးတစ်ယောက်အဖြစ်မြင်ချင်လို့ ပဲ
ငယ်စိတ်မကျေနပ်ရင် ငယ်ကိုယ်တိုင်မနက်ဖြန် Mr.Guitar ကို ငယ်သွားကြည့်နိုင်တယ်
ကိုကို ပြောနိုင်တာ ဒါအကုန်ပဲငယ်
ကိုကို သွားမယ် "

အဲဒီနေ့ ကစလို့ ကိုကိုငယ့်ကို လုံးဝမဆက်သွယ်ခဲ့ဘူး
ငယ်လည်း Mr.Guitar ကိုမသွားဖြစ်ခဲ့ပါဘူး
ဖုန်းခလုတ်ပေါ်လက်တင်မိပေမယ့် ကိုကိုလာချော့မယ့်နေ့ ကိုပဲငယ်စောင့်နေခဲ့မိတာပါ
ကိုကိုကတော့ သူဆေးခန်းနဲ့ သူနေသားကျနေမှာပါ
ငယ် ကိုကို့ ဆေးခန်းရှေ့ ကိုသွားကြည်တော့ သူ့  စအေငနညအ တွေနဲ့ အလုပ်တွေရှုပ်နေတဲ့ ကိုကို့ ကို ခန့် ညားစွာ ငယ်တွေ့ လိုက်ရတယ်
ကိုကို ရယ် နေနိုင်လိုက်တာနော်
ငယ် မျက်ရည်ကျရပါတယ် ကိုကိုရယ်

တီ-တီ
"ကိုကို ငယ့်ရှေ့ သွားလေးပြန်ပဲ့သွားပြီ ကိုကို အဟင့် အဟင့်
ကိုကို ခုငယ့်ဆီလာခဲ့နော်"

"အေး အေး ကိုကို လာပြီ"
ငယ် ငယ်ရယ် ကိုကိုလည်း ငယ့်ဆီကဖုန်းကို မျှော်နေခဲ့တာပါ
ကိုကိုအောင် ငယ့်ဆီကို အပြေးလေးသွားခဲ့မိတယ်
ကိုယ်ကလည်း လွမ်းနေရသူလေ ယောကျာ်းမာနဆိုတာ ရှိနေတော့ ကိုယ့်စကားနဲ့ ကိုယ် ပိတ်မိနေခဲ့ တာ ခုတော့ ပြန်ပဲ့သွားတဲ့ သွားတုလေးကိုပဲ ကျေးဇူးတင်ရတော့မှာပဲ

"ငယ် ငယ်"

"ကိုကို "

"ငယ်ရယ် ဘယ်လိုဖြစ်ရပြန်တာလဲ"

"ငယ်သွားတိုက်တာ ကိုကို
ပြီးတော့ အဲ့ဒီသွားတုလေးက အဖတ်ကလေးလန်နေတာတွေ့ လို့ ငယ်လည်း အသည်းယားလို့ သွားပွတ်တံနဲ့ ခြစ်လိုက်တာ အဲ့ဒီသွားတုလေးကအဖတ်လိုက်လေးပါလာတာပဲ ကိုကိုရဲ့ 
ငယ် လုံးဝစိတ်မကောင်းဘူး ကိုကို ငယ့်ကိုအဲ့ သွားတုလေးစပြီးလုပ်ပေးထဲက ငယ်အရမ်းကြိုက်ခဲ့တာ ကိုကို
အဲသွားလေးပြုတ်သွားမှာကိုလဲ ငယ်အရမ်းကြောက်ခဲ့တာ
အဲ့သွားတုလေးက ကိုကို ငယ့်ကိုပထမဆုံးလုပ်ပေးခဲ့တာ ဟင့် ကိုကိုခုပြုတ်သွားပြီ
ငယ့်ကို မဆူနဲ့ နော် ကိုကို"

"သြော် ငယ်ရယ် သွားတုဆိုတာ အချိန်မရွေး ကိုကိုပြန်လုပ်ပေးလို့ ရပါတယ် ငယ်
ပြီးတော့ ငယ်ကသွားဆွလိုက်သလိုဖြစ်သွားတာကို
ကိုကိုပြန်လုပ်ပေးမှာပေါ့ ငယ်ကသွားဆရာဝန်တစ်ယောက်လုံးရနေပြီးမှ သွားတုလေး တစ်ခုပြုတ်သွားတာကို ကြောက်နေရသေးတယ် ငယ်ရယ်
တိတ်တော့နော် မငိုနဲ့ တော့"

"တော်ပါ အဲ့ဒီသွားဆရာဝန်ကြီးကဖြင့် ငယ့်ကိုပြစ်ထားပြီးတော့ ခုမှ"

"သြော် ငယ်ရယ် ငယ်ကို့ လူကြီးဆန်စေချင်လို့ ပါ
ငယ့်ကို ဘယ်ကိစ္စကိုမဆို စဉ်းစားဆင်ခြင်ပြီးမှ ဆုံးဖြတ်ချက်ချတတ်စေချင်လို့ ပါ
ကိုကိုလည်း ခံစားနေရတာပါ ငယ်ရယ်"

"ကိုကို ငယ်လေ အဲဒီသွားတုလေး ပြန်မတတ်တော့ဘူး ဘာလို့ လဲဆိုတော့
အဲဒီသွားတုလေးတတ်လိုက်ရထဲက ကိုကို ငယ့်အနားကနေ ဘယ်တော့ပျောက်သွားမလဲ ဆိုပြီး ငယ်စိတ်ပူနေရသလိုပဲ အဲဒီသွားတုလေးဘယ်တော့ပြန်ကျွတ်သွားမလဲ ဆိုပြီး ငယ်အမြဲစိတ်ထဲတထင့်ထင့်ဖြစ်နေရတယ် ကိုကို
ငယ် အဲလိုမျိုးခံစားချက်ကြီးကိုမုန်းနေပြီ ကိုကို
ငယ် အတ္တကြီးတယ်ပဲပြောပြော ကိုကို့ လည်း ငယ်အနားကအကြောင်းတစ်စုံတစ်ရာကြောင့် ပျောက်သွားမှာ ငယ်အရမ်းကြောက်တယ် ကိုကို
ငယ်ကိုကို့ ကို အဆုံးရှုံးမခံနိုင်လောက်ချစ်တယ် ကိုကိုယုံလားဟင်"

"သြော် ငယ်ရယ် "

"ဇာတ်သိမ်းခန်း"

အဲဒီမှာ မင်းသား က မင်းသမီးကို စကားလေးတစ်ခွန်းပဲ ပြန်ပြောလိုက်တယ်
စာရေးသူကတော့ အဲဒီ စကားလေးကို ချွင်းချက်အနေနဲ့ ရင်ဘတ်ထဲမှာပဲ သိမ်းထားလိုက်ပါတယ်

အဲဒီစကားလေးကိုတော့ စာဖတ်သူများပဲ ခန့် မှန်းကြည့်နိုင်ပါတယ်

လေးစားစွာဖြင့်

Sunday, August 1, 2010

THIS IS.......







တစ်နေ့ ...
ခပ်အားအားရှိလို့ 
ကိုယ့်ကိုကိုယ်
ANALYSIS လုပ်ကြည့်မိပါတယ်....^^
သြော် ....
ငါ့မှာ RELATIONSHIP ဆိုတာ
ရှိနေပါသေးလား?????

@-@

သို့ သော်,....

ခံစားချက် ကြည့်မိတော့
ဆောရီးဘဲ
ငါအေးခဲနေတယ်
ရေခဲတယ်ဆိုတာ
ဒီ အအေးလှိုင်းလောက်ရှိမလားပဲတဲ့....[ so cold ]

ဦးနှောက်ဆိုတဲ့
အစိုင်အခဲကြီးကတော့
နောက်ဆုတ်လိုက်ဖို့ သင့်ပြီဆိုလားပဲ
ကံဆိုတာပါသလောက်ပေါ့
အတင်းလုပ်ယူလို့ မရနိုင်ဘူးတဲ့..... [ be single]

နှလုံးသားဆို့ တဲ့
အထပ်ထပ်ကွဲအက်နေတဲ့
အပိုင်းအစလေးတွေက
ငါ့ကိုဆက်လက်ရှင်သန်ခွင့်ပေ
းပါတဲ့
နောက်ဆုံးအချိန်ထိလေးပဲဖြစ်ဖြစ်ပါတဲ့..... ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်…........!_!


Friday, April 2, 2010

APRIL REMEMBERANCE




















April ရေ
နင့်မှာ ငါ့ဆိုတဲ့ ကောင်အတွက်
ကုံလုံတဲ့အမှတ်တရတွေရှိတယ်

၁ ရက်နေ့ မှာ နင် ငါ့ကို
အရူးလုပ်ချင်လုပ်ပါ

၉ ရက်နေ့ မှာတော့
နင်က ကမ္ဘာမြေပြင်ပေါ်
ငါ့အတွက်လူသားလေး တစ်ယောက်
ဖန်ဆင်းပေးခဲ့တယ်

၁၅ ရက်နေ့ ရောက်တော့
အဲဒီလူသားလေးနဲ့ 
တွေ့ ဆုံဖို့ နင်ငါ့ကို
နွေဦးလက်ဆောင် ပေးခဲ့ပြန်တယ်

April ရောက်တိုင်း
သင်္ကြန်ဆိုတဲ့ အထိမ်းအမှတ်က
အချိန်မှန်မှန် ငါ့ကိုနိုးကြားစေတယ်

ကဲ April ရေ
နင်ကတော့ အချိန်မှန်လို့ 
ရောက်လာခဲ့ပြန်ပပေါ့
ငါကလည်း အချိန်တန်တော့
အိမ်ပြန်ရဦးမယ်လေ
နင်နဲ့ အတူ ငါ့ကိုစောင့်ကြိုနေမယ့်
လူသားလေးတစ်ယောက်ဆီကိုပေါ့ ......