
မြူ
မြူခိုးဆိုတာ
ဆောင်းမနက်ခင်းတွေကို
လှပစေတဲ့  ကဗျာတစ်ပုဒ်
ဒါပေမယ့် 
ငါ့အတွက်တော့
အဲဒီ့မြူခိုးက
နွေဦးညမှာ ဝေခဲ့ တာ~~
ကော်ဖီတစ်ခွက်
ကဗျာတစ်ပိုဒ်
သီချင်းတစ်ပုဒ် ရှိရင်
ငါ့ဘ၀ပြည့်စုံပြီလို့ ထင်ခဲ့ တာပဲ
ဒါပေမယ့်
အပြီးမသတ်နိုင်တဲ့ 
ကဗျာတစ်ပုဒ် မဆုံးခင်
နင်က
ငါ့ဘ၀ရဲ့ နောက်ဆုံး ကဗျာတစ်ပုဒ်ကို
အလှပဆုံးဖြစ်အောင် ဖန်တီးပေးသွားခဲ့ တာ
နောက်ထပ်ဆိုတာ မရှိနိုင်လောက်တဲ့ အထိ
နင်ရေးသီတဲ့ အသုံးအနှုန်းတွေ
ပြည့်စုံလှပနေခဲ့ တာ
နင်ရေးစပ်တဲ့ ကဗျာကကြိုးမှာ
ငါ အခါခါနစ်မျောခဲ့ တာ~~~
သက်ရှိသက်မဲ့ အရာတွေ အားလုံးကို
“ဒြပ်” လို့ ခေါ်တယ်တဲ့ 
ငါ့အတွက်တော့
နင့်အချစ်က
မြူခိုးလိုပဲ
အသက်လဲမဲ့ သလို ဒြပ်လဲမဲ့ ခဲ့ တယ်
လိုက်လံဖမ်းဆုပ်ဖို့ အားအင်ကိုကုန်ခမ်းစေခဲ့တယ်
ငါ့အသိနဲ့ ငါ့အမြင်ကို
နင့် အရောင်တွေနဲ့ ဖုံးစေခဲ့ တယ်
အနာဂတ်လမ်းတွေလဲေ၀၀ါးခဲ့တယ်
ငါ့ဘ၀ကို
ဦးနှောက်မပါဘဲ
နှလုံးသားနဲ့ ထုဆစ်စေခဲ့ တယ်~~~
မြူခိုးရယ်
ငါ့နွေညမှာဆက်လက်ဝေပါ
မပြီးသေးတဲ့ ခုနှစ်စဉ်ရောင်ကကြိုးနဲ့ 
ငါ့ကို ပြုစားလှည့်ပါ
ငါ့ဘ၀နဲ့ ငါ့ညကို
ငါ
အဖြူရောင် မက်မောမှုအခါရှစ်သောင်းနဲ့ 
အသက်သွင်းပေးခဲ့ ချင်လို့ ~~~
မြူခိုးဆိုတာ
ဆောင်းမနက်ခင်းတွေကို
လှပစေတဲ့  ကဗျာတစ်ပုဒ်
ဒါပေမယ့် 
ငါ့အတွက်တော့
အဲဒီ့မြူခိုးက
နွေဦးညမှာ ဝေခဲ့ တာ~~~
No comments:
Post a Comment