Sunday, August 8, 2010

ကိုယ်တိုင်ရေးဘဝ





















ဒီလောကကြီးမှာ
ရွေးရခက်တဲ့လမ်းလောက်
ငါ့ကိုရင်ခုန်စေတာ
နှစ်ယောက်မရှိဘူး


ပညတ်ထားတဲ့
အရာတွေကို
ချိုးဖောက်ဖို့ ဆိုတာ
ငွေလည်းလိုတယ်
ရေလည်းလိုတယ်


မနက်တိုင်း
ဘာထူးလဲဆိုတဲ့
စကားသံအောက်
မှောက်ရက်သာပစ်လဲလိုက်ချင်ရဲ့ 
ဲ့ 


မနည်းလှတဲ့ 
ဖိအားတွေအကြား
အဆင်ပြေလားဆိုတဲ့ 
မေးခွန်းတွေအကြား
XXXXXX ကြား
ငါကိုယ့်ငါတောင်
ဘာလဲလို့ မစဉ်းစားမိအောင်
ငါနေတယ်


တဆိတ်
ငါ့ကိုလာလာမစားကြပါနဲ့ 
ရွာဦးကျောင်းက
ခေါင်းလောင်းသံကြားရင်
သွေးပျက်လောက်အောင်
ခေါင်းတွေကိုက်လွန်းလို့ 

1 comment:

  1. အစ်မရေ... ခုမှပဲ ဒီပို့စ်ဖတ်ရတယ်... တော်တော်ပေါက်ကွဲထားပုံပဲ... :D ဆက်ရေးပါဦး... စောင့်မျှော်အားပေးနေတယ်...

    Btw, I deactivated my facebook :( so yeah, u can just leave any msg on my blog :) cheers!

    ReplyDelete