Sunday, August 8, 2010

ကိုယ်တိုင်ရေးဘဝ





















ဒီလောကကြီးမှာ
ရွေးရခက်တဲ့လမ်းလောက်
ငါ့ကိုရင်ခုန်စေတာ
နှစ်ယောက်မရှိဘူး


ပညတ်ထားတဲ့
အရာတွေကို
ချိုးဖောက်ဖို့ ဆိုတာ
ငွေလည်းလိုတယ်
ရေလည်းလိုတယ်


မနက်တိုင်း
ဘာထူးလဲဆိုတဲ့
စကားသံအောက်
မှောက်ရက်သာပစ်လဲလိုက်ချင်ရဲ့ 
ဲ့ 


မနည်းလှတဲ့ 
ဖိအားတွေအကြား
အဆင်ပြေလားဆိုတဲ့ 
မေးခွန်းတွေအကြား
XXXXXX ကြား
ငါကိုယ့်ငါတောင်
ဘာလဲလို့ မစဉ်းစားမိအောင်
ငါနေတယ်


တဆိတ်
ငါ့ကိုလာလာမစားကြပါနဲ့ 
ရွာဦးကျောင်းက
ခေါင်းလောင်းသံကြားရင်
သွေးပျက်လောက်အောင်
ခေါင်းတွေကိုက်လွန်းလို့ 

Wednesday, August 4, 2010

သွားတုကလေးအဆစ်ပါသွားပြီ


"ကိုကို ငယ့်ကိုစောင့်ဦးလေ"

"ငယ်မှီအောင်လိုက် မှီအောင်လိုက်"

"ကိုကို ငယ်မပြေးနိုင်တော့ဘူး အရမ်းမောနေပြီ"

"အား"

ငယ် လောကကြီးနှင့် ခဏအဆက်အသွယ်ပြတ်သွားသည်။

ငယ် ရုတ်တရက် မျက်လုံးပြန်ဖွင့်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံးကိုင်ရိုက်ထားသလို နာကျင်နေတာကိုခံစားလိုက်ရတယ်

"ကိုကို ကိုကို"
ငယ် သတိလက်လွတ်ရေရွတ်လိုက်မိတယ်

"ငယ် ကိုကို ရှိတယ်လေ ငယ့်နားမှာ ကိုကိုရှိတယ်"

"ဟင် ကိုကို ငယ် ငယ် ဘာဖြစ်သွားတာလဲဟင် ကိုကို"

"ငယ် ကိုကို့ နောက်ကိုပြေးလိုက်ရင်းနဲ့ စက်ဘီးနဲ့ တိုက်မိတာ
တော်သေးတယ် စက်ဘီးဖြစ်နေလို့  နို့ မို့ဆို ကိုကိုရင်ကျိုးရမှာ
စာမေးပွဲက နီးနေပြီ နောက်ဆို ကိုကိုလည်းမဆော့တော့ဘူး
ငယ်လည်းမဆော့နဲ့ တော့"

"ဟုတ်ကဲ့ ကိုကို"
ငယ် နှစ်လိုစွာပဲ ခေါင်းငြိမ့်ပြခဲ့ မိတယ် ငယ်က ကိုကို့ စကားဆို မပယ်ရှားဝံ့သူလေ

နောက်တစ်နေ့ မနက်မိုးလင်းတော့
"မေမေ"
ငယ်အာခေါင်ခြစ်ပြီးအော်မိတယ်

မေမေ အပြေးအလွှားပဲ အခန်းထဲဝင်လာတယ်
"ဘာဖြစ်ရတာလဲသမီးရယ်"

"မေမေ ငယ် ငယ့် ရှေ့ သွားကို ကြည့်ပါဦး မေမေရဲ့ အီးဟီးဟီး"

"သြော်သမီးရယ် မေမေကဘာများဖြစ်လဲလို့  အဲဒါသမီးဟိုနေ့ က သမီး စက်ဘီးတိုက်လို့ ချော်လဲရင်းဖြစ်သွားတာနေမှာပေါ့ သမီးရယ်
သိပ်မသိသာပါဘူးသမီးရဲ့ "

"ဟီး ငယ်ရုပ်ဆိုးပါပြီ့ အီးဟီးဟီး
တော်ပြီ ဒီနေ့ ကစပြီး ဘယ်မှမသွားတော့ဘူး ကိုကိုနဲ့ လည်းမတွေတော့ဘူး
အီးဟီးဟီး "

"ငယ် သမီးအဲလို မဆိုးရဘူးလေ"

"ငယ်ရေ ငယ်ရေ ကိုကို နဲ့ စာတူတူလုပ်မယ်လေ"

"သားကိုကိုအောင် လာလေ ဒီမှာ ငယ်တစ်ယောက်သောင်းကျန်းနေလို့ "

"ဟုတ်လားငယ် ဘာဖြစ်တာလဲ ကိုကို့ ငယ်လေးကလိမ္မာပါတယ် "

"အေး မင်းညီမကို မင်းဘဲ ကြည့်ပြောတော့ကွယ် အန်တီမေ တော့ မနိုင်တော့ဘူး"

"ဟုတ် တီမေ"

"ကဲ ငယ်လေးပြော ဘာဖြစ်လဲ"
ကိုကို က ချစ်စနိုးဖြင့်ပြောလိုက်တယ်

"ကိုကို ကိုကိုနဲ့ ဟိုနေ့ ကဆော့ရင်းချော်လဲတော့ ငယ်ရှေ့ သွားလေးပဲ့သွားတယ် ကိုကို ငယ့် သွားတွေက ငယ်သွားလဲပြီးသားကိုကိုရဲ့  ငယ်တော့ ရုပ်ဆိုးပါပြီကိုကို ရယ်"

"သြော် ငယ်ရယ် ကိုကို့ ကိုပြစမ်းပါဦး
သိပ်မသိသာပါဘူးငယ်ရဲ့  ပြီးတော့ ကိုကို့ ငယ်လေးက ချစ်ဖို့ ကောင်းပြီးသား
ကိုကို့ အတွက်တော့ ငယ်က queen ဟုတ်ပြီလား"

"ကိုကို တကယ်ပြောတာနော် "

"တကယ်ပေါ့ငယ်ရဲ "့

" လာ စာလုပ်ရအောင်နော် ငယ်စာမေးပွဲနီးပြီ လေ
ကိုကိုလည်းအားနေတုန်း စာတူတူလုပ်ပေးလို့ ရတာ နောက်လဆို ကိုကိုလည်း အမှတ်ထွက်ရင် တက္ကသိုလ်စတက်ရတော့မှာ"

"အင်းပါကိုကိုရဲ့  ကိုကို ဘာတက်မယ်လို့ စဉ်းစားထားလဲဟင်"

"အင်း အရင်တုန်းကတော့ ရတာတက်မယ်လို့ စဉ်းစားထားတာ
ခုတော့ ကိုကို ဖြစ်ချင်တာ တစ်ခုရှိသွားပြီ
ငယ်လေးကို နောက်မှပြောပြမယ်နော် လာ စာလုပ်မယ်"

"ဟုတ်ကဲ့ ကိုကို"
ငယ့်စိတ်ထဲက ၀မ်းနည်းတယ်ဆိုတာတွေ ဘယ်အရပ်ကို လွင့်စင်သွားမှန်းတောင် ငယ် ကိုယ်တိုင်မသိလိုက်ပါဘူး အဲလောက်ထိ ကိုကိုဟာ ငယ်အပေါ်လွှမ်းမိုးနိုင်သူလေ...

ဒီလိုနဲ့ နေ့ တွေလတွေပြောင်းလာလိုက်တာ ငယ်လည်းကျောင်းပြီးလို့ ဟောက်စ်စ ဆင်းရပြီ
ကိုကိုကတော့ ကိုယ်ပိုင်ဆေးခန်းတောင်ဖွင့်ထားနိုင်နေပြီလေ
ငယ်နဲ့ ကိုကိုနဲ့ ကြားထဲက သံယောဇဉ်ကတော့ အဖြူရောင်ထက် ပိုခဲ့ကြပြီလေ

မှတ်မှတ်ရရ ကိုကို့ ဆေးခန်းပထမဆုံးဖွင့်တဲ့နေ့ 

"ငယ် ကိုကို့ ဆေးခန်းကို ငယ် ဂျူတီပြီးရင် ၀င်ခဲ့နော်"

"အင်းပါကိုကိုရဲ့ ငယ်မပါလို့ ကိုကို့ ဆေးခန်းဖွင့်ပွဲက ဘယ်ပွဲစည်ပါ့မလဲ ဟုတ်ဘူးလား"

"အေးပါ ညည်းလေးသာ မြန်မြန်ရောက်အောင်လာ ဒီရောက်တော့ သိမှာပေါ့"

"ဟုတ်ကဲ့ကိုကို"

ဒေါက်တာ ကိုကိုအောင်( BDS YGN)
ဆိုင်းဘုတ်လေးကိုကြည့်ပြီး ငယ်တစ်ယောက်ထဲပီတိဖြစ်ရပါတယ် ကိုကို
ပြီးမှ ငယ်ဆေးခန်းထဲဝင်ခဲ့လိုက်တယ်

"ငယ် ရောက်လာပြီလား
လာ"

"ဟင် ကိုကို ငယ်ကဘာလုပ်ရမှာလဲ "

"လာပါငယ်ရဲ့  ကိုကို့ ကိုငယ်ယုံတယ်ဟုတ်"

"ယုံတာတော့ယုံတာပေါ့ ကိုကိုရဲ့  ဒါပေမယ့် ဒီ patient chair ပေါ်တော့ မတက်ရဲဘူး"

"ဘာလဲ ငယ်လေးက ကိုကို့  patient မလုပ်ချင်ဘူးလား
ကိုကို ငယ်လေး ကိုပြောပြစရာတွေရှိတယ်
ကိုကို ဘာလို့ dentist ဖြစ်ချင်ခဲ့လဲ ငယ်သိလား"

"ဟင့်အင်း ငယ်မသိဘူး ကိုကို"

"အင်း
ငယ် ၁၀ တန်းဖြေခါနီး ကိုကိုကြောင့် ငယ်ရှေ့ သွားလေးပဲ့သွားခဲ့တာ မှတ်မိလား
ဟာ ကိုကိုကလည်း အဲ့ဒါကိုကို့ ကြောင့် မဟုတ်ပါဘူး ငယ့်ဘာသာသတိမထားမိလို့ ဖြစ်သွားတာပဲဟာ
ဘာပဲပြောပြော အဲ့ဒီနေ့ ကငယ်ငိုနေတာကြည့်ပြီး ကိုကိုစိတ်ထဲမှာ ဆုံးဖြတ်ချက်ချခဲ့တာ ငါကိုယ်တိုင် ငါ့လက်နဲ့ ငယ့်သွားလေးကို ပြန်ဖာပေးမယ်လို"့ 
သြော် ကိုကိုရယ် ငယ်စိတ်ထဲက တီးတိုးရေရွတ်မိလိုက်တယ်

"ဒါပေမယ့်ကိုကို ငယ်ကြောက်တယ်"

"ငယ်လေးရဲ့ ကိုကို့ ကိုယုံရင် ငြိမ်ငြိမ်လေးနေ ခဏပဲ မကြာဘူးဟုတ်လား
ပြီးတော့ တလက်စထဲ scaling ပါ လုပ်ပေးမယ်နော် ငယ်က ကိုကိုရဲ့ ပထမဆုံး patient ပဲ"

"မဝေရေ scaling set ပြင်ထားလိုက်နော် ခဏနေစမယ်"ကိုကိုက သူ့  assitant ကိုလှမ်းအော်ပြောလိုက်တယ်

"ငယ် မကြောက်နဲ့ နော် ကိုကိုရှိတယ်"

"ကိုကို ငယ့်သွားက ကိုကိုဖာပေးပြီးရင် ဘယ်လောက်ခံမှာလဲဟင်"

"ကိုကို ဆရာတစ်ယောက်ပြောဖူးတာရှိတယ် ငယ်
ဘုရားကပေးတဲ့သွားတွေတောင် ပိုးစားတယ် ကြိုးတယ် ပဲ့တယ် အမျိုးမျိုးဖြစ်တယ်
ကိုကိုတို့ က အဲဒီ ပျက်စီးသွားတဲ့ သွားတွေကို ပြန်ပြုပြင်ပေး အလှဆင်ပေးတာပဲရှိတာ နဂိုမူလအတိုင်းပြန်ဖြစ်အောင်တော့ မစွမ်းဆောင်နိုင်ကြဘူး အတတ်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးဖို့ ကတော့ ကိုကိုတို့ တာဝန်ပေါ့ ငယ်ရယ် ဟုတ်ပြီလား"

နှစ်နာရီလောက်ကြာတော့
"ကဲ ငယ်ရော့ မှန်ကြည့်ကြည့်ပါဦး"

"ဟယ် ကိုကို ငယ့်ရှေ့ သွားလေးနဂိုလိုပဲပြန်ဖြစ်သွားပြီနော်
ကိုကိုကတော်သားဘဲ ဒီလိုဆိုတော့လည်း"

"အေး ကိုကိုမှာမယ်နော် ငယ်သွားကိုအရမ်းကြမ်းကြမ်းမတိုက်ရဘူး
ပြီးတော့ မကလိရဘူး ညည်းလေးကလက်ကအငြိမ်နေတာမဟုတ်ဘူး"

"အင်းပါကိုကိုရဲ့  ပြီးပြီမဟုတ်လားကိုကို
ဆေးခန်းလည်း ဒီနေ့ လူသိပ်လာသေးမှာ မဟုတ်ပါဘူး လာကိုကိုနဲ့ ကြေးအိုးသွားသောက်မယ် ငယ်ဗိုက်ဆာပြီ "

"ငယ်ခုမှ scaling လုပ်ထားတာ သွားကျင်လိမ့်မယ်"

"ဟာရပါတယ် ကျင်ပါစေ ကိုကိုရဲ့ ကြေးအိုးစားရလို့ ကတော့ကျင်ပါစေ"

"အစားပုတ်လေး "

ငယ်အဲဒီကစပြီး နေ့ တိုင်းမှန်ကြည့်တိုင်း ကိုကိုဖာပေးတဲ့ သွားတုကလေးကို
လက်နဲ့ စမ်းစမ်းပြီးကြည်နူးရတာ အမောပါ

အချိန်တွေကြာလာတာနဲ့ အမျှ ငယ်ကလည်း ကိုကို့ ကို အရင်ကထက်ပိုပြီး အူတိုတတ်လာတာပါပဲ

"ကိုကို ဘယ်ရောက်နေလဲ ကိုကိုဆေးခန်းမှာလေ ငယ်ရဲ့  ခု patient ကြည့်နေတယ် ပြီးမှပြန်ဆက်လိုက်မယ်နော်"

"နေဦး အဲဒီ patient ကမိန်းမလား ယောကျာ်းလား မိန်းမဆိုရင်ရော ဘယ်အရွယ်လဲ ကောင်မလေးလား နာပ်စ် မမကော အနားမှာရှိရဲ့ လား"

"ငယ် ကိုကိုဖုန်းပြန်ဆက်မယ် ဟုတ်ပြီလား ခုဖုန်းချလိုက်ပြီနော် "

ငယ် ဆွေ့ ဆွေ့ ခုန်ပြီး ကျန်ခဲ့တယ်
ငယ်ငယ်ထဲက အရိုးစွဲလာတဲ့ ကိုကို့ အတွက် ငါကနံပါတ်တစ်ပဲဆိုတဲ့ အစွဲက ကြီးတဲ့အထိဖျောက်မရခဲ့ဘူး

"သွေးတိတ်သွားရင် ဂွမ်းဖယ်လိုက်တော့နော် ပြီးရင် ဒီပိုးသတ်ဆေးသောက်လိုက်
ငယ်သွားဆိုတော့ တော်သေးတာပေါ့ဗျာ"
ကိုကိုနဲ့ အတူ ချာတိတ်လေးတစ်ယောက်ရယ်လူလတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ရယ် ထွက်လာတယ်

"ငယ် ရောက်လာတာလား"

"ဟုတ်တယ် ကိုကိုကဘာလို့ ဖုန်းချသွားသေးလဲ"

"သြော်ငယ်ရယ် ငယ်ကလေးလေးမဟုတ်တော့ဘူးနော် အရာရာကို လူကြီးဆန်ဆန်စဉ်းစားတတ်ဖို့ ကောင်းပြီ
ကဲကဲ စိတ်မကောက်နဲ့ တော့နော် ကိုကိုနဲ့ တူတူပြန်မယ်ဟုတ်ပြီလား"

"ဟင်း ကိုကိုနော် ကောင်မလေးငယ်ငယ်လေးတွေ ဆို လက်ခံပြီးမကုရဘူး ကို့ သူငယ်ချင်းတွေကို လွှဲပေးလိုက် "

"သြော် တော်တော်ကောင်း ညည်းလေးကျရင်ရော ကောင်လေးတွေကုရမှာပဲလေ မဟုတ်ဘူးလား
ငယ်ရယ် လူကြီးဆန်စမ်းပါ ဆရာဝန်မကြီးတောင်ဖြစ်နေပြီ ခုထိကလေးဆန်နေတုန်းပဲ"
ကိုကိုက ငယ်ခေါင်းကိုပုတ်ရင်းပြောလိုက်တယ်

"ကိုကို အတွက်ဆိုငယ်က ကလေးဘဲဖြစ်ချင်တာဘဲ
တစ်ခြားသူအတွက်လူကြီးကိုကို့ အတွက် ကလေး ဟုတ်ပြီလား"

"ကဲပါ ဟုတ်ပါပြီ လာ ငယ်ကြိုက်တဲ့ ကော်ရည်ခေါက်ဆွဲသွားစားမယ် ပြီးမှ ကိုကိုပြန်လိုက်ပို့ ပေးမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ကိုကို"
ငယ်စိတ်ကောက်လည်း ဒီလိုနဲ့ ပဲပြန်လျှော့လိုက်ရတာပါဘဲ

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ မအားသေးပါ "
ငယ် အဲ့ဖုန်းထဲကမိန်းမကိုတောင် အမြင်ကတ်ချင်လာတယ်
တောက် ဖုန်းကလည်း ဘယ်သူနဲ့ ပြောလို့ ဒီလောက်တောင် အကြာကြီးမအားရတာလဲ
ခဏကြာတော့ လိုင်းဝင်သွားတယ်

"ကိုကို" ငယ် အာခေါင်ကို ခြစ်ပြီးအော်လိုက်မိတယ်

"အား ငယ် ငယ် ဘာဖြစ်လဲ"

"ကိုကို့ ဖုန်းဘာလို့ မအားတာလဲ"

"သြော် ကိုကို့ သူငယ်ချင်းတစ်ယောက် နိုင်ငံခြားကပြန်ရောက်လာလို့ မတွေ့ တာကြာလို့ စကားပြောနေတာပါကွာ"

"ကိုကို လုပ်တာငယ်ဒီမှာ သွေးတိုးသွားပြီ ခေါင်းတွေတောင်ကိုက်သွားပြီ
အဲ့ဒါကိုကို့ ကြောင့် မုန်းတယ် ကိုကို့ ကို"

"ငယ်လေး တီမေ အိပ်သွားပြီလား ဒီလောက်မိုးချုပ်နေပြီကို အိပ်နေပြီပေါ့ "

"ငယ်တောင် ကိုကို့ ဆီဖုန်းဆက်နေလို့ မအိပ်သေးတာ"

"ငယ်ခြံထဲမှာလား "

"အင်း"

"ဒါဆိုကိုကိုနောက်၅ မိနစ်လောက်နေရင်ရောက်မယ်စောင့်နေနော်"

"ဟုတ်"
ငယ်အရမ်းပျော်သွားမိတယ် ဒါပေမယ် ရုပ်ကိုမှုန်တေတေနဲ့ စိတ်ကောက်မပြေချင်ယောင်ဆောင်လိုက်တယ်
ခဏကြာတော့ ကိုကိုခြံတံခါးဝရောက်လာတယ်

"ဒီအချိန်ကြီးမှ ဘာလာလုပ်တာလဲ မနက်ဆေးခန်းသွားရမှာမလား"

"ကိုတို့ လည်းလူကြီးတွေမသိအောင်ခိုးပြီးချိန်းတွေ့ ဘူးချင်လို့ ပေါ့ကွ ဟားဟား"

"ငယ်ခြံသော့သွားယူလိုက်ဦးမယ်"

"နေ ငယ် မယူနဲ့ တော့ ဒီနားခဏလာဦး"

ငယ်ခြံတံခါးနားကပ်သွားလိုက်တော့ ငယ့်ပါးလေးတစ်ဖက်ပူနွေးသွားတယ်

"ငယ်လေးအိပ်တော့နော် ကိုကိုသွားပြီ"

"ဟုတ်ကဲ့ ကိုကို"

တီ တီ
"ဟဲလို သြော် မဝေ စောစောစီးစီးဘာဖြစ်လို့ လဲ ကိုကိုရောက်ပြီလား ဆေးခန်းမှာ ဘာဖြစ်လို့ လဲ"

"ဘာမှမဖြစ်ပါဘူး မငယ်ရယ် ဒီနေ့ မနက်မဝေဆေးခန်းလာတော့  ဆေးခန်းတံခါးမှာ နှင်းဆီပန်းအနီတစ်ပွင့်ရယ် စာတစ်စောင်ရယ်တွေ့ တယ်မငယ်
စာအိတ်ပေါ်မှာ ဒေါက်တာကိုကို အတွက်တဲ့ "

"ဟင်
မဝေ ကိုကို့ ကိုဘာမှမပြောနဲ့ ဦး ကိုကို ဆေးခန်းမလာလောက်သေးပါဘူး
ငယ်ဆေးရုံမသွားခင် ဆေးခန်းကိုဝင်လာမယ် မဝေခဏသိမ်းထားလိုက်"

"ဟဲလို ကိုကိုအားပြီလား"

"အင်း ဒီ patient တစ်ယောက်ပြီးရင်အားပြီ ငယ်
အရေးကြီးလို့ လား အင်း ကိုကိုဆေးခန်းကအပြန် ငယ့်ဆီဝင်ခဲ့ပါဦး"

"ငယ်ပြောစရာရှိလို့ 
ဟုတ်ပြီလေ ကိုကိုဝင်ခဲ့မယ် ဖုန်းချလိုက်မယ်နော် ဒါဆို"

"ကိုကို ဒီမှာ ကြည့်ပါဦး
ကိုကို ဘာတွေဘယ်သူနဲ့ ရှုပ်ထားတာလဲ
ငယ်သည်းမခံနိုင်ဆုံးလုပ်ရပ်ကို ကိုကိုလုပ်ခဲ့တယ်
အဲဒီအတွက် ငယ့်ကို ကိုကိုဖြေရှင်းပါ"

"ဘာတွေလဲ ငယ်ပြောနေတာ ကိုကိုနားမလည်တော့ဘူး"

"ဒီမှာ ကိုကိုဒီစာကိုဖတ်ကြည့်လိုက်ပါဦး
Mr.Guitar 7pm ဆိုတာဘာလဲ
ကိုကို နဲ့ ဘာမှမဆိုင်ဘဲ ဒီမိန်းမက ကိုကို့ ကိုချိန်းရဲမှာလား
ကိုကို ငယ့်နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာငယ်ဘယ်သိနိုင်မှာလဲ"

"ငယ် ကိုကိုငယ်ကို့ တစ်ခုမေးမယ်
ငယ်ကိုကို့ ကို မယုံဘူးလား
ငယ် ဒီလိုစကားတွေပြောတယ်ဆိုထဲက ကိုကို့ သိက္ခာကိုအရမ်းထိခိုက်တယ်
ဘယ်ကလာမှန်းမသိတဲ့ စာတစ်စောင်အတွက် ငယ်ကိုကို့ ကိုစော်ကားလိုက်တာပဲ
ငယ် ကိုကို ငယ့်ကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ပေမယ့် ဒီတစ်ခါတော့ ငယ့်ကို စိတ်ဆိုးရလိမ့်မယ်
ကိုကို မလုပ်တဲ့ကိစ္စတစ်ခုတစ်ခုအတွက်ကိုကို ငယ့်ကိုမဖြေရှင်းဘူး
ငယ် ကိုယ့်ဘာသာစဉ်းစားပြီး ဆုံးဖြတ်ပါ
ငယ့်ဆုံးဖြတ်ချက်ကို ကိုကိုလေးစားမယ် ဟုတ်ပြီလား
အဲဒါဘာလို့ လဲဆိုတော့ ကိုကို ငယ့်ကိုလူကြီးတစ်ယောက်အဖြစ်မြင်ချင်လို့ ပဲ
ငယ်စိတ်မကျေနပ်ရင် ငယ်ကိုယ်တိုင်မနက်ဖြန် Mr.Guitar ကို ငယ်သွားကြည့်နိုင်တယ်
ကိုကို ပြောနိုင်တာ ဒါအကုန်ပဲငယ်
ကိုကို သွားမယ် "

အဲဒီနေ့ ကစလို့ ကိုကိုငယ့်ကို လုံးဝမဆက်သွယ်ခဲ့ဘူး
ငယ်လည်း Mr.Guitar ကိုမသွားဖြစ်ခဲ့ပါဘူး
ဖုန်းခလုတ်ပေါ်လက်တင်မိပေမယ့် ကိုကိုလာချော့မယ့်နေ့ ကိုပဲငယ်စောင့်နေခဲ့မိတာပါ
ကိုကိုကတော့ သူဆေးခန်းနဲ့ သူနေသားကျနေမှာပါ
ငယ် ကိုကို့ ဆေးခန်းရှေ့ ကိုသွားကြည်တော့ သူ့  စအေငနညအ တွေနဲ့ အလုပ်တွေရှုပ်နေတဲ့ ကိုကို့ ကို ခန့် ညားစွာ ငယ်တွေ့ လိုက်ရတယ်
ကိုကို ရယ် နေနိုင်လိုက်တာနော်
ငယ် မျက်ရည်ကျရပါတယ် ကိုကိုရယ်

တီ-တီ
"ကိုကို ငယ့်ရှေ့ သွားလေးပြန်ပဲ့သွားပြီ ကိုကို အဟင့် အဟင့်
ကိုကို ခုငယ့်ဆီလာခဲ့နော်"

"အေး အေး ကိုကို လာပြီ"
ငယ် ငယ်ရယ် ကိုကိုလည်း ငယ့်ဆီကဖုန်းကို မျှော်နေခဲ့တာပါ
ကိုကိုအောင် ငယ့်ဆီကို အပြေးလေးသွားခဲ့မိတယ်
ကိုယ်ကလည်း လွမ်းနေရသူလေ ယောကျာ်းမာနဆိုတာ ရှိနေတော့ ကိုယ့်စကားနဲ့ ကိုယ် ပိတ်မိနေခဲ့ တာ ခုတော့ ပြန်ပဲ့သွားတဲ့ သွားတုလေးကိုပဲ ကျေးဇူးတင်ရတော့မှာပဲ

"ငယ် ငယ်"

"ကိုကို "

"ငယ်ရယ် ဘယ်လိုဖြစ်ရပြန်တာလဲ"

"ငယ်သွားတိုက်တာ ကိုကို
ပြီးတော့ အဲ့ဒီသွားတုလေးက အဖတ်ကလေးလန်နေတာတွေ့ လို့ ငယ်လည်း အသည်းယားလို့ သွားပွတ်တံနဲ့ ခြစ်လိုက်တာ အဲ့ဒီသွားတုလေးကအဖတ်လိုက်လေးပါလာတာပဲ ကိုကိုရဲ့ 
ငယ် လုံးဝစိတ်မကောင်းဘူး ကိုကို ငယ့်ကိုအဲ့ သွားတုလေးစပြီးလုပ်ပေးထဲက ငယ်အရမ်းကြိုက်ခဲ့တာ ကိုကို
အဲသွားလေးပြုတ်သွားမှာကိုလဲ ငယ်အရမ်းကြောက်ခဲ့တာ
အဲ့သွားတုလေးက ကိုကို ငယ့်ကိုပထမဆုံးလုပ်ပေးခဲ့တာ ဟင့် ကိုကိုခုပြုတ်သွားပြီ
ငယ့်ကို မဆူနဲ့ နော် ကိုကို"

"သြော် ငယ်ရယ် သွားတုဆိုတာ အချိန်မရွေး ကိုကိုပြန်လုပ်ပေးလို့ ရပါတယ် ငယ်
ပြီးတော့ ငယ်ကသွားဆွလိုက်သလိုဖြစ်သွားတာကို
ကိုကိုပြန်လုပ်ပေးမှာပေါ့ ငယ်ကသွားဆရာဝန်တစ်ယောက်လုံးရနေပြီးမှ သွားတုလေး တစ်ခုပြုတ်သွားတာကို ကြောက်နေရသေးတယ် ငယ်ရယ်
တိတ်တော့နော် မငိုနဲ့ တော့"

"တော်ပါ အဲ့ဒီသွားဆရာဝန်ကြီးကဖြင့် ငယ့်ကိုပြစ်ထားပြီးတော့ ခုမှ"

"သြော် ငယ်ရယ် ငယ်ကို့ လူကြီးဆန်စေချင်လို့ ပါ
ငယ့်ကို ဘယ်ကိစ္စကိုမဆို စဉ်းစားဆင်ခြင်ပြီးမှ ဆုံးဖြတ်ချက်ချတတ်စေချင်လို့ ပါ
ကိုကိုလည်း ခံစားနေရတာပါ ငယ်ရယ်"

"ကိုကို ငယ်လေ အဲဒီသွားတုလေး ပြန်မတတ်တော့ဘူး ဘာလို့ လဲဆိုတော့
အဲဒီသွားတုလေးတတ်လိုက်ရထဲက ကိုကို ငယ့်အနားကနေ ဘယ်တော့ပျောက်သွားမလဲ ဆိုပြီး ငယ်စိတ်ပူနေရသလိုပဲ အဲဒီသွားတုလေးဘယ်တော့ပြန်ကျွတ်သွားမလဲ ဆိုပြီး ငယ်အမြဲစိတ်ထဲတထင့်ထင့်ဖြစ်နေရတယ် ကိုကို
ငယ် အဲလိုမျိုးခံစားချက်ကြီးကိုမုန်းနေပြီ ကိုကို
ငယ် အတ္တကြီးတယ်ပဲပြောပြော ကိုကို့ လည်း ငယ်အနားကအကြောင်းတစ်စုံတစ်ရာကြောင့် ပျောက်သွားမှာ ငယ်အရမ်းကြောက်တယ် ကိုကို
ငယ်ကိုကို့ ကို အဆုံးရှုံးမခံနိုင်လောက်ချစ်တယ် ကိုကိုယုံလားဟင်"

"သြော် ငယ်ရယ် "

"ဇာတ်သိမ်းခန်း"

အဲဒီမှာ မင်းသား က မင်းသမီးကို စကားလေးတစ်ခွန်းပဲ ပြန်ပြောလိုက်တယ်
စာရေးသူကတော့ အဲဒီ စကားလေးကို ချွင်းချက်အနေနဲ့ ရင်ဘတ်ထဲမှာပဲ သိမ်းထားလိုက်ပါတယ်

အဲဒီစကားလေးကိုတော့ စာဖတ်သူများပဲ ခန့် မှန်းကြည့်နိုင်ပါတယ်

လေးစားစွာဖြင့်

Sunday, August 1, 2010

THIS IS.......







တစ်နေ့ ...
ခပ်အားအားရှိလို့ 
ကိုယ့်ကိုကိုယ်
ANALYSIS လုပ်ကြည့်မိပါတယ်....^^
သြော် ....
ငါ့မှာ RELATIONSHIP ဆိုတာ
ရှိနေပါသေးလား?????

@-@

သို့ သော်,....

ခံစားချက် ကြည့်မိတော့
ဆောရီးဘဲ
ငါအေးခဲနေတယ်
ရေခဲတယ်ဆိုတာ
ဒီ အအေးလှိုင်းလောက်ရှိမလားပဲတဲ့....[ so cold ]

ဦးနှောက်ဆိုတဲ့
အစိုင်အခဲကြီးကတော့
နောက်ဆုတ်လိုက်ဖို့ သင့်ပြီဆိုလားပဲ
ကံဆိုတာပါသလောက်ပေါ့
အတင်းလုပ်ယူလို့ မရနိုင်ဘူးတဲ့..... [ be single]

နှလုံးသားဆို့ တဲ့
အထပ်ထပ်ကွဲအက်နေတဲ့
အပိုင်းအစလေးတွေက
ငါ့ကိုဆက်လက်ရှင်သန်ခွင့်ပေ
းပါတဲ့
နောက်ဆုံးအချိန်ထိလေးပဲဖြစ်ဖြစ်ပါတဲ့..... ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်…........!_!


Friday, April 2, 2010

APRIL REMEMBERANCE




















April ရေ
နင့်မှာ ငါ့ဆိုတဲ့ ကောင်အတွက်
ကုံလုံတဲ့အမှတ်တရတွေရှိတယ်

၁ ရက်နေ့ မှာ နင် ငါ့ကို
အရူးလုပ်ချင်လုပ်ပါ

၉ ရက်နေ့ မှာတော့
နင်က ကမ္ဘာမြေပြင်ပေါ်
ငါ့အတွက်လူသားလေး တစ်ယောက်
ဖန်ဆင်းပေးခဲ့တယ်

၁၅ ရက်နေ့ ရောက်တော့
အဲဒီလူသားလေးနဲ့ 
တွေ့ ဆုံဖို့ နင်ငါ့ကို
နွေဦးလက်ဆောင် ပေးခဲ့ပြန်တယ်

April ရောက်တိုင်း
သင်္ကြန်ဆိုတဲ့ အထိမ်းအမှတ်က
အချိန်မှန်မှန် ငါ့ကိုနိုးကြားစေတယ်

ကဲ April ရေ
နင်ကတော့ အချိန်မှန်လို့ 
ရောက်လာခဲ့ပြန်ပပေါ့
ငါကလည်း အချိန်တန်တော့
အိမ်ပြန်ရဦးမယ်လေ
နင်နဲ့ အတူ ငါ့ကိုစောင့်ကြိုနေမယ့်
လူသားလေးတစ်ယောက်ဆီကိုပေါ့ ......

Thursday, March 11, 2010

BYITH အမှတ်တရ






အထက်ပါ အရည်အချင်း၊ အောက်ပါ အရည်အချင်းတို့ နှင့်ပြည့်စုံ၍ အဖွဲ့ ထဲတွင် အကြီးဆုံး (ခန္ဓာကိုယ်) ဖြစ်သောကြောင့် သူ့ ကို B ဟုခေါ်ပါသည်။

မျက်နှာက ပြဲပြဲ ၊ ရယ်လိုက်ရင် စပ်ဖြဲ စပ်ဖြဲနဲ့ သူပြုံးလိုက်ရင် နဲ့ y တူလို့  သူက ချိုပြုံး

i လို တစ်ဖြောင့်ထဲသော ကိုယ်လုံးကို ပိုင်ဆိုင်သူ သူက အမ်းမကြီး

ခါးအမြဲထောက်တတ်ပြီး လက်ကို t လိုမျိုးတစ်ဆစ်ချိုးထားတတ်လို့  သူက အသားပဲစားပြီး အသီးအရွက် မစားတတ်လို့ သူနာမည်က ဘူးလီ ဘီလူး

နောက်ဆုံးမှ အဖွဲ့ ထဲကို ရောက်လာသူ အသေးဆုံး ဒါပေမယ့် ဖိုက်တာ အစွာဆုံး အရင်ကတော့ ယောက်ျားလေးလိုနေချင်သူ ၊ အမလေး ခုတော့ သူ့ ဘဲကြီးရှေ့ ကျရင်တော့ ချွဲပျစ်လိုက်တာ လွန်ရော အဲသူကတော့ h ဖိုက်တာ ခေါ် ဖိုက်ဖိုက်

တစ်နေ့ သော အခါသမယ၌ ဘီလူးတစ်ယောက် အရိုး သူချင်းထဲကလို 'ကျွန်တော်ဒီနေ့ ပဲ ဖောရိန်းသွားမယ် ဖလိုက်အသစ်ကြီးနဲ့ ဗျ' ဆိုသလို စလုံးကို ရောက်လာခဲ့တယ်ပေါ့လေ

တစ်နေ့  ဘီလူးတစ်ယောက် ကာလနဂါးနဲ့ အပြိုင်အိပ်မောကျနေစဉ်

h = “ဘီလူး ထ ထ ငါတို့ ရောက်ပြီ
အင် ဟင် ဟင် နင်တို့ ဘယ်လိုရောက်လာကြတာလဲ”

t = “ဟယ် ချိုပြုံး၊ အမ်းမကြီး၊ ဖိုက်ဖိုက် နင်တို့ ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ
ဖက်တီးကော မပါဘူးလား”

h= “အေး သူ နောက်လေယာဉ်နဲ့ လိုက်လာလိမ့်မယ်
သူက သြစတေးလျဆက်သွားမှာလေ လေယာဉ်ငှားဖို့ တန်းစီနေတယ် သူကခရီးရှည်တယ်လေ
ငါတို့ မစောင့်ဘဲအရင်ထွက်လာလိုက်တာ”

t= “ဟင်နင်တို့ ဘယ်လိုဖြစ်လာကြတာလဲဟာ
ဗြုန်းစားကြီး ငါတောင်ဘာမှမသိရပါလားဟာ
နင်တို့ ဒီဇိုင်းတွေကလည်းလန်ထွက်နေပါလား
ငါတောင်နင်တို့ နဲ့ စာရင်တော်တော်စုတ်နေမှာ”

h= “ဟေ့ကောင် ဘီလူး လုံးဝမပူနဲ့ ရော့ ဖွင့်ကြည့်လိုက်ဦး
ငါတို့ ဒီမလာခင် ဘန်ကောက်မှာ ၀င်မွှေလာတာ နင့်ကိုယ်တိုင်းလည်း သိပြီးသားလေ ရော့ ခုလဲ လိမ့်မယ်လိမ့်မယ်”

t= “ဟဲ့ နင်တို့ တော်တော်လျှံနေကြတယ်ပေါ့လေ
ပြောမနေနဲ့ ဘူးလီ ဘီလူးမရေ ကြာတယ် အပေါဆုံးကပိုက်ဆံပဲသိရဲ့ လားနော်
ပြင်တော့ ပြီးတာနဲ့ ဒိုးမယ်”

အိပ်ချင်မူးတူးနဲ့ ဘူးလီလည်းရေချိုးပြင်ဆင်လိုက်တယ်
သူတို့ ဝယ်လာတာတွေလည်းအကုန် ကွက်တိ
အေးပေါ့လေ ခြောက်နှစ်တောင် တူတူအိပ်တူတူစားလာတဲ့ သူငယ်ချင်းတွေဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လေ

t= “ကဲ မိန်းမတွေ ပြီးပြီ
ဘယ်ဒိုးမှာလဲပြော
အေး နင်က အိမ်ရှင်လေ နင်ဒကာနော်”

i= “အေးပါဟာ ငါတို့ ကာရာအိုကေ သွားဆိုကြမယ် မကောင်းဘူးလား
ဟေး ကောင်းတယ် ကောင်းတယ်
ဟဲ ဖက်တီးကို ဖုန်းဆက်ဦး အဲကိုလိုက်လာဖို့ ”

h= “ဟာ သူဖုန်းကနေ ငါတို့ ဖုန်းကို ရှာပြီးလိုက်လာလိမ့်မယ် ပူမနေနဲ့ ”

ကာရာအိုကေဆိုင်

B= “ဟေး ဘူးလီ”

t= “ဟား ဖက်တီး အဲယောင်လို့  အစ်မကြိုရောက်နေတယ်”

B= “ဟဲဟဲ နင်တို့ ဘယ်အရင်သွားမယ်ဆိုတာ သိပြီးသားလေ”
t= “အစ်မ နေဦးနေဦး မတ်တတ်ရပ်ပြစမ်းပါဦး
အစ်မ ဆောက်ရမ်းကို ပိန်သွားတာနော် အရမ်းမိုက်သွားပြီ
အောင်မယ် စကပ်တိုတွေဘာတွေနဲ့ ပါလား အေးပေါ့လေ သြစတေးလျလိုက်သွားပြီးတွေ့ တော့မှာဆိုတော့လည်းကွာ ဆောက်ရမ်းကို မိုက်နေပြီပေါ့”

h= “အဲ့ဒါနင်မသိလို့ နော် ဘူးလီ ရန်ကုန်မှာဆို လုံးဝ ဒူးအောက်မဆင်းဘူး အပြတ်လန်းနေတာ”

t= “ဟားဟား ကောင်းတာပေါ့ ကုသိုလ်ရတာပေါ့ဟာ”

t= “ဟဲ့ဒါနဲ့ ဖိုက်ဖိုက် နင့်ရည်းစားငါ့ရဲရည်းစားဟောင်းကြီးရော ဘာတွေလုပ်နေလဲ”

h= “ဟဲဟဲ သူလား ဒူဘိုင်းသွားပြီး လယ်စိုက်နေတယ် ငါဒီလာတာ သူမသိဘူး”

t= “သြော်သြော် ကြီးပွားမှာပဲနော် အဲမှာ လယ်စိုက်ရင် ဟားဟားဟား”

h= “အေးဘူးလီ ဒါနဲ့ နင့်ဘဲကြီးကမှာလိုက်တယ် သူ နောက်လလာမယ်တဲ့ ခုတော့ ဆေးခန်းမှာ သွားချီးချစ်ပြီး ပိုက်ဆံစုလိုက်ဦးမယ်တဲ့ နင့်ကို လိမ်လိမ်မာမာနေဖို့ မှာလိုက်တယ်”

t= “သြော်အေးအေး ကောင်းတယ်ကောင်းတယ် သူသွားချီးများများခြစ်နိုင်မှ ငါ့နောင်ရေးစိတ်အေးရမှာ ဟဲဟဲ”

t= “ဟဲ့ ချိုပြုံး ငါ့အစ်ကို နင့်ရည်းစားကြီးရော"
y= "အေး သူ ငါ့ကိုချီနိုင်အောင် ၀ိတ်မနေတယ်လေ”ချိုပြုံက ပြောနေရင်းနဲ့ ရှက်ပြုံးပြုံးလိုက်သေးတယ်

t= “ဟဲ့ နင်ပြုံးတာ မပြောင်းသေးပါလား အဲဒီအပြုံးကြီးမမြင်ရတာတောင်ကြာပြီနော်
အဲဒါကြောင့်နင်ဒီနာမည်ရတာလေ
နင် ငါ့အစ်ကိုကို သိပ်မနှိပ်စက်ပါနဲ့ ဟာ တော်ကြာ အလေးပိနေဦးမယ် ဟားဟား”

y= “ဟဲ့နင့်အစ်ကိုက သူ့ ဘာသာမတာ ငါမခိုင်းတာမဟုတ်ဘူးနော် ဟွန်း”

t= “အေးပါအေးပါ”

t= “ငါ့ချစ်ချစ်အမ်းမကြီးကိုတော့ နင်တို့ ဖေးမကြနော် သူကလောလောလတ်လတ် အသည်းကွဲထားတော့ နင်တို့ ပြစ်မထားကြနဲ့ 
ဟဲ့ ဘာမှအားမငယ်နဲ့ ငါတစ်ယောက်လုံးရှိတယ် နော် အမ်းမကြီး”

i= “အမလေး ငါလားအသည်းကွဲမှာ ခု ငါ လက်ဖျောက်တစ်ချက်တီးလိုက်ရင် မှာ ငါ့ဆီလာတဲ့ လေယာဉ်တွေချည်းပြည့်သွားမှာစိုးလို့ နော် သဘောပေါက်”

t= “အေးပါဟာ နင်စွံတာသိပါတယ် အဲလောက်မကြေငြာနဲ့ နော်”

t= “ကဲကဲ ငါတို့ ဟစ်ကြမယ်လေ
ငါကတော့ အလွမ်းများပဲ နော်”

h= “ဟဲ့ ဗမာသီချင်း ရလို့ လား ဟ"
t= "ဟာ နင်ကလည်း ခုနိုင်ငံတကာမှာ ဗမာစကားတွေ သုံးနေပြီလေ
နင်ကျန်ခဲ့ ပြီနော် လေ့လာလိုက်ဦး ဖိုက် နော်”

h= “ဟယ် ဒါဆို တယ်ဟုတ်ပါလား ငါက ငါ့သားတွေသမီးတွေ ခေတ်ရောက်ရင်တောင် အဲလို ဖြစ်ပါမလားလို့  တော်ပါသေးရဲ”့

t= “အောင်မယ် နင်က ကလေးမွေးဦးမယ် အသားနာမှာကြောက်တဲ့မိန်းမကများ”

h= “ဟဲဟဲ ဒါတော့ နင်ငါ့ဂွင်ထဲရောက်သွားပြီ
ငါက ခုသားဖွားအထူးကုနော် ငါ့ဆီမှာ အသားမနာချုပ်ရိုးပျောက် ကလေးမွေးလို့ ရပြီလေ
ငါ့ဆီမှာ အမာရွတ်မပေါ်ချင်တဲ့ မော်ဒယ်တွေတောင် တန်းစီနေတာနော်
နင်ပါလာတန်းစီလိုက်ဦး”

t= “ဟေ တကယ် ဒါဆို ငါကြိုစာရင်းပေးထားမယ်နင့်ဆီမှာ ဟ ဟ”

i= “နင်တို့ စကားများနေတာနဲ့ သီချင်းကဆိုရဦးမှာလား နောက်မှပြောကြတော့ ငါစဆိုတော့မယ်
ပေး မိုက်”
အမ်းမကြီးက စိတ်မရှည်ဘဲထပြောလိုက်တော့
ကျန်တဲ့သူတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
သံပြိုင်အော်လိုက်တာက

Byth= “သက်သက်ပါ”

အော်သံအဆုံးမှာ

i= “သေနာမတွေ”

အဲလို အဲလို သင်းနေတာပဲ အချင်းချင်းချစ်ကြတာ
အမ်းမကြီးကရာဇ၀င်ရှိတယ်လေ
တစ်ခါ M3 မှာ သီချင်းသွားဆိုကြတော့ သူ ကြိုက်နေတဲ့ ကောင်လေးကို ရည်စူးပြီး ဆိုမယ် လုပ်တာ မို့ မို့ ရဲ့ ထာဝရလား ဘာလား
ကိုယ်ဟာ မင်းအတွက်တော့ ပေးဆပ်သူသက်သက်ပါ အဲလိုဖြစ်ရမှာ သူဆိုလိုက်တာက
ကိုယ်ဟာ မင်းအတွက်တော့ ပေးဆပ်သူ သက်သက်ပါ ဆိုလိုက်တာ ပေးဆပ်သူက တစ်ခြား၊ သက်သက်ပါက တစ်ခြား သူကိုယ့်သူ သက်သက်ဆိုပြီးပြောလိုက်သလို ဖြစ်သွားရော
အဲဒီထဲကသူအဲ့သီချင်းလုံးဝမဆိုတော့တာလေ

ဖက်တီးကျတော့ တစ်မျိုး သူကကောင်ကြီး=ကီးကြောင် အကောင်လည်းကြီးတယ် ကီးလည်းကြောင်တယ် တစ်ခါငယ်ငယ်ရဲ့ တစ်ယောက်ထဲရူးကိုဆိုတာ
မင်းမရှိတဲ့အခါအခန်းထဲတစ်ယောက်ထဲရူး
သူဆိုတာ အစွဲလွန်ပြီး ရူးအူးအူး ဆိုပြီးတော့လေ တော်တော်တော့ရယ်ရတယ်

အဲအဆိုကောင်းတာတော့ ပြောစရာမလိုတာကတော့ ဘယ်သူထင်လဲ
ဒို့ ဘူးလီ ပေါ့နော် ဒို့ ဟဲဟဲ
ကိုယ်ရေသွေးတာ မဟုတ်ပါဘူး ဟီဟီ

ROCKERကြီး ဖိုက်တာ ကတော့ လေးဖြူသီချင်းတွေရွေးနေလေရဲ့ 

ချိုပြုံးကတော့ သူထုံးစံအတိုင်း ပြုံးပြုံးကြီးနဲ့ အားလုံးပြောတာ ခေါင်းတငြိမ့်ငြိမ်နဲ့ 

ကျွန်မတို့ အသံတွေဝင်တဲ့ထိ သီချင်းတွေဆိုကြတယ် နောက်ဆုံး မဆိုနိုင်တဲ့ အသံဝင်တော့မှ ရပ်ကြတာ အဲလို အဲလို မိုက်ခဲ အဖွဲ့ ပါ

ကဲ ဒို့ တွေ နောက်တစ်နေရာ လိမ့်ကြရအောင်လေ

“BEACH”
ရေး

B= "နေဦး နေဦး ငါ့ ဒီလာတုန်းက လေယာဉ်ကိုပဲ ဖုန်းဆက်ခေါ်လိုက်မယ် အဲကောင်လေး သဘောကောင်းတယ်"

t= "ဒေါ်အေးချမ်းတို့ ကတော့နော် ပြောချင်ဘူး လွန်တယ်"

အသာနေစမ်းပါ ပြောရင်း သူ့ ရဲ့ အိုင်ထဲကဖုန်းကြီး အဲမှားလို့ အိုင်ဖုန်းကြီးထုတ်ပြီးဆက်လေရဲ့ 

ကမ်းခြေတစ်ခု

ဝါး ဒီကမ်းခြေက စောက်ရမ်းမိုက်တယ်နော်

B= "ဘူးလီ ဒါဘာကမ်းခြေလဲ"

t= "သိဘူးလေ မအေးချမ်းကောင်လေး ပိုင့်လောခ့်လေး ချပေးသွားတာပဲ ဟီဟီ"

B= "ဟဲ့  ငါ့ကိုစွဲမထဲ့နဲ့ နော် ငါက လူမျိုးခြားပဲကြိုက်တာ"

t= "ဂျီးဒေါ် အိမ်ကပေးစားမယ့် လူကြီးကြားသွားဦးမယ်နော်"

B= "ဟာ ငါ မေ့ထားတာ အစလာမဖေါ်နဲ့ တော်တော် ရေကူးမယ်"

ကမ်းခြေမှာ ရေတွေကူး ၊ ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက် (ဖေ့ဘွတ်ခ်=FACEBOOK တွင်တင်ရန်)
တော်တော်ပြိုင်းသွားမှပဲ ကမ်းခြေမှာ ဂဏန်းတွေထိုင်စားကြ ဒေါ်အေးချမ်းနဲ့ ဖိုက်ဖိုက်ကတော့
စားနေကြအတိုင်း၂ပွဲ စားကြတယ်လေ

ပြီးတော့ ဗိုက်တွေကားပြီး ကမ်းခြေမှာ ပါးခက်ကိုယ်စီနဲ့ အောင်မယ် လောကကြီးကို ခဏတော့မေ့သွားသား
ဘာမှကို စဉ်းစားစရာမရှိ လောကနိဗ္ဗာန်ပဲနော်

နိုးလာတော့ ဟိုတယ် တစ်ခုရဲ့  ထမင်းစားခန်းမကြီး မနက်စာကိုပဲ ပြင်ထားလိုက်တာ အမျိုးပေါင်းမနည်းဘူး လူမျိုးပေါင်းစုံရဲ့ မနက်စာ အကုန်ရတာနော်

ဒေါ်အေးချမ်းကတော့ သူ့ အကြိုက် လားလား မှားလို့  ကုလားစာ ပလာတာစားတယ်

ကျန်တဲ့သူတွေကတော့ ပုံမှန်မနက်စာပဲစားကြတယ်

ကဲ နောက်
တော့ပစ်=Topic တစ်ခု

“SHOPPING”

t= "ငါ့မှာတော့ပိုက်ဆံသိပ်မရှိဘူးနော် သိတဲ့အတိုင်းပဲ ငါက တစ်နေ့ လုပ်မှတစ်နေ့ စားရတာ ဟားဟား"

i="ကြည့်လိုက် သူငယ်ချင်း"

ဝါး အမ်းမကြီးက ပိုက်ဆံအိတ်သေးသေးလေးကို ဖွင့်လိုက်တာပဲ

ခလုတ်ကလေး တစ်ခုနှိပ်လိုက်တာ လက်တစ်ဝါးစာလောက်ရှိတဲ့  ပိုက်ဆံအိတ်အပြားကြီးဖြစ်သွားပြီး အားပါး အထဲမှာ Credit Card တွေ ကတ် ၆၀ လောက်ရှိမလားပဲ

i= "အိုကေလား ဘူးလီ"

t= “OK”
နေဦး ငါတို့ ဝယ်တာတွေ ဘယ်သူလိုက်သယ်ပေးမှာလဲ"

h= "သြော်ဒါလား"

ဖိုက်ဖိုက်က လက်ဖျောက်တစ်ချက်တီးလိုက်တယ်

h="အိုး ကျောင်းတုန်းက တစ်ယောက်ချင်းဆီ ကြိတ်ကြိုက်ဘူးတဲ့  သူတွေ

ကဲ သူတို့ လိုက်သယ်ပေးလိမ့်မယ်"

t="ဟင်ဘာတွေဖြစ်"

h"စကားမရှည်နဲ့  သွားမယ်"

ဘာတွေဖြစ်ကုန်တာလဲ မသိတော့ပါဘူး
ဝယ်တဲ့ သူတွေကလည်းတစ်ယောက်တစ်ပေါက် ဟိုကောင်တွေကလည်း ကျောင်းတုန်းကသာ အဖတ်မလုပ်တာ ခုတော့လည်း အမြီးလေးတွေကို ကုပ်လို့  ရီတော့ရီချင်သား

နောက်ဆုံး

h= “ငါတို့ တူတူမကဲရတာကြာပြီဟာ ပျင်းတယ် ကလပ်သွားမယ်
ဒွန့် မယ်ဒွန့် မယ်”သင်္ကြန်ဆို တိုင်ကြိုးအောင် ကတဲ့ ဖိုက်ဖိုက်ကထပြောလိုက်တာပါ

ကဲ ကလပ်ရောက်ပြီ

ရောက်ရောက်ချင်းဖွင့်ထားတဲ့ သီချင်းက

“Lady GaGa, Bad Romance”
ဟူးဟူး

ငါးယောက်သား အသေသောက် အသေကဲ ကိုယ့်ပတ်ဝန်းကျင်တောင်မေ့သွားလောက်တဲ့ထိပေါ့ 

သတိရလို့ ဘေးနားလည်းကြည့်လိုက်ရော
အောင်မယ် မိန်းမတွေက တစ်ယောက်ကို တစ်ယောက်စီနဲ့  အကြည်စိုက်နေလေရဲ့ 

"ဟိတ်"

"အင် ဟင်"

"လာလေ ကိုယ့်အနားခုနကတော့ တူတူကနေပြီးတော့"
အိုးဘူးလီဘေးမှာလည်း အမိုက်စားလေးပဲ

t= "အိုကေလေ"

ဘယ်အချိန်ထိ ဘယ်လောက်ကနေမိမှန်း မသိတော့ပါဘူး

ရုတ်တရက် ကြီးက သေတ္တာကြီးလိုဖြစ်သွားပြီး ဘေးကနံရံတွေရုတ်တရက် ကွာကျသွားတယ်

ဘေးကကနေတဲ့ သူတွေအကုန်လုံး ရှဲသွားတယ်

လေတွေရုတ်တရက်တိုက်လာတယ်
ဆံပင်တွေလွင့် လူတွေတောင်ပါသွားမတတ်ပါပဲ
အပေါ်ကို ကြည့်လိုက်တော့ ဟတ်စကီး ငါးစင်း ကောင်းကင်မှာဝဲလို့ 
မြေပေါ်ကို တစ်စင်းပြီးတစ်စင်း ဆင်းလာတယ်

ဂျပန် ရာကူဇာ ဂိုဏ်းက လူတွေဝတ်သလို အနက်ရောင်ဝမ်းဆတ်တွေနဲ့ နေကာမျက်မှန်အနက်တွေနဲ့  လူငါးယောက်ဆင်းလာတယ်။

တဖြည်းဖြည်း ဒီလူတွေငါတို့ ဆီလာနေသလိုပဲရယ်လို့ 

အားပါးပါး ဘယ်သူတွေလည်း ကြည့်လိုက်တော့

ပထမဆုံးလူက အရင်ဆုံး လက်နက်တစ်ခုထုတ်လိုက်တယ် သူအမြဲမနေကျ အလေးကြီးနဲ့ ငါ့အစ်ကို ချိုပြုံးရည်းစား

နောက်တစ်ယောက် အဲ သူက သိပ်မမြင်ရဘူး အနက်ရောင်ဝတ်စုံနဲ့ ဆိုတော့ သူ့ အသားနဲ့ သိပ်မပေါ်လို့ မနည်းကြည့်ယူလိုက်ရတယ် သူကတော့ အသက်ရှည်ဦးမယ့်  သူများနဲ့ ညားတဲ့ ငါ့ရည်းစား ဖိုက်ဖိုက် ဒါလင်

နောက် ဒေါ်အေးချမ်းရဲ့ သြစီက ဘဲလေး သူကတော်တော်သေးတော့ ၀တ်စုံကသူ့ ကိုပြန်ဝတ်ထားသလိုပဲ ကြည့်ရတော်တော်ဆိုးတာ

'ဖုန်း ဖုန်း'

ရုတ်တရက် ငလျင်လှုပ်သလို မြေကြီးတွေတုန်ခါသွားတယ်
ဆင်းလာသူက ခင်သန္ဓာသက်ချိုပြုံး ကိုယ်လုံးနဲ့  သူကျတော့ တစ်မျိုး ၀တ်စုံကနည်းနည်းကျပ်နေတယ် သူ့ ကြည့်ရတာလည်းမသက်သာဘူး ကောက်ညင်းထုပ်နဲ့ နင်လားငါလား သူလေးက အမ်းမကြီးရဲ့  အဟောင်းကြီး

နောက်ဆုံးကနေ ဆင်းလာသူက စတိုင် အမိုက်စားနဲ့  ဘယ်သူလဲဆိုတာတော့ မေးစရာမလိုတော့ဘူးပေါ့ ဘူးလီ ချစ်ကလေးပေါ့

"နင်တို့ တွေဒါဘာလုပ်နေကြတာလဲ" မေးလိုက်သူက ကိုဇေ

အားလုံးတိတ်ဆိတ်နေတယ်

ဘေးကိုကြည့်လိုက်တော့လည်း ခုနကလူတွေတစ်ယောက်မှမရှိ ရောက်နေတဲ့ နေရာကလည်း လကမ္ဘာလို နေရာမျိုးဖြစ်နေတယ်

"ငါကတော့ နင်နဲ့ နီးချင်လို့ ဒူဘိုင်းလို ပူတဲ့ နေရာကြီးမှာ ကောက်စိုက်ရလွန်းလို့  အသားတွေတောင်ပိုမည်းသွားတယ်" ငိုသံကြီးနဲ့ ပြောလိုက်သူက ဖိုက်ဖိုက်ဘဲ

"အမ်းလေး ကို လိုက်လာပြီလေ ကိုတို့ ပြန်ဆက်ကြမယ်နော်" အရေးထဲ ကိုရီးယားကားလာရိုက်ချင်နေသေးတယ် အမ်းမကြီးရဲ့  ရာဝင်အိုးကြီးပေါ့

"ဟင် ငါမှာတော့ သွားတွေတစ်ချောင်းပြီးတစ်ချောင်းနှုတ်လိုက်ရတာ နင်ကတော့ ဒီမှာလာပြီး
အချစ်နာလန်ထနေတယ်ပေါ့လေ"

"လာ နင့်သွားတွေလည်း ငါမချန်ဘူး တစ်ချောင်းမကျန်ပြန်နှုတ်ပစ်မယ်
အဲဒါမှမှတ်မှာ နောက် နင့် ကိုလည်းဘယ်သူမှ မကြိုက်မှာ" ပြောလိုက်သူက ဘူးလီအချစ်လေး

ဒေါ်အေးချမ်းက ခေါင်းဆောင်ပီသပါတယ် လက်တစ်ချက်ကုပ်ပြီး ပြေးဟေ့ ဆိုပြီး အော်ပြီးပြေးပါလေရော

အားလုံးတစ်ယောက်တစ်နေရာ ပြေးလိုက်ကြတာ ပြေးပြေးပြေး ခြေကုန်လက်ပန်းကျတဲ့ အထိကိုပြေးလိုက်မိတယ်

ပြေးရင်းနဲ့ အရမ်းမှောင်တဲ့ နေရာတစ်ခုကို ရောက်သွားတယ်
ကဲ ငါတော့ လွတ်ပြီဆိုပြီး ခဏသက်ပြင်းချပြီးနေနေတုန်း

'လူဖြစ်ရတဲ့ဒုက္ခ လူဖြစ်ရတဲ့ဒုက္ခ' သြော်အရေးထဲ ဒီဖုန်းကတစ်မျိုး

ဖုန်းကို ကောက်ကြည့်လိုက်တော့ ငါးနာရီခွဲ

ရုတ်တရက် ဘူးလီ မျက်လုံးပြူးသွားတယ် အား အလုပ်သွားရတော့မယ်

အား ငါဘာဖြစ်တာပါလိမ့် ဟယ် လပ်တော့ပ်(laptop) ကြီးကလည်း မပိတ်ရသေးဘူး

ကြည့်လိုက်တော့ ဂျီတော့ခ်=gtalk ကလည်း ဆိုင်းအောက် (sign out)မလုပ်ရသေးဘူး
ဘေးမှာ ကြည့်လိုက်တော့ ချက်ဘော့စ်လေး(chat box) လေးခု

သြော် ငါ သူတို့ လေးယောက်နဲ့ ပြန်လာရင် လျှောက်သွားဖို့ တိုင်ပင်ပြီး အိပ်ပျော်သွားတာကို...

ဘူးလီ တစ်ချက်ပြုံးလိုက်တယ်

ပြီးမှသတိရသွားတာကတော့ အားးးးး ငါ အလုပ်သွားရဦးမယ် ။ ။

Monday, March 1, 2010

ရေပွက်ပမာ

ဘာရယ် မဟုတ်ပါဘူး အခုတလောရေးချင်နေခဲ့တာ နားလည်မှုဆိုတာအရေးကြီးပါလားဆိုတဲ့အကြောင်းလေးပါ၊၊
















ကျွန်မမှာ ကျွန်မကို သိပ်မချစ်ဘူးလို့ ထင်ရတဲ့ချစ်သူလေးတစ်ယောက်ရှိတယ်။
သူက ကျွန်မကို မချစ်ဘူးလို့ ကျွန်မအမြဲထင်ခဲ့တယ်။
အဲလိုထင်ရလောက်အောင်လည်း သူက အနေတည်တယ်။ လူကြီးဆန်တယ်။
ကျွန်မက တစ်ဇွတ်ထိုးသမား၊ ကိစ္စတိုင်းလိုလို ခံစားချက်ကို ဦးစားပေးလေ့ရှိတယ်။
သူက ဘယ်ကိစ္စကိုမဆို လေးလေးနက်နက်စဉ်းစားတယ်။ ကျွန်မတို့ ကြားထဲက ကွာဟချက်ကို သိရဲ့ နဲ့ 
သူကလည်း ပြင်ဖို့ ဘယ်တုန်းကမှစိတ်ကူးမရှိခဲ့ သလို ကျွန်မကလည်း အလျှော့ပေးဖို့ စိတ်ကူးမရှိခဲ့ဘူး။
ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်ကြားမှာ ဒီနေ့ ထိရှိနေခဲ့တာ နားလည်မှုဆိုတဲ့ စာလုံးလေးသုံးလုံးထဲပါ။

သူနဲ့ ချစ်သူသာဖြစ်ခဲ့တယ် သူကလုံးဝကဗျာမဆန် တုံနိဘာဝေသမားလေ။
ကျွန်မကတော့ လောဘကြီးတယ်ပဲပြောပြော ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လိုချစ်တာ ဘယ်လောက်ထိ ကိုယ့်ကို ဂရုစိုက်တာ မိန်းကလေးပီပီ ခံစားဖူးချင်ခဲ့တယ်ပေါ့။
ချစ်သူသက်တမ်းသာ ကြာလာတယ် ပန်းတစ်ပွင့်တောင် လက်ဆောင်မပေးဖူးတဲ့သူကို ကျွန်မအပြစ်တင်ချင်ခဲ့တယ်။
ဒါပေမယ့် ကျွန်မသူ့ ကို ဘယ်တုန်းကမှဖွင့်ပြောပြီး အပြစ်မတင်ခဲ့ဘူး။ သူ့ ကို ကျွန်မသိပ်ချစ်တာကို။

မှတ်မှတ်ရရ မနှစ်က သင်္ကြန်အကြိုနေ့ တုန်းကပေါ့။
သူနဲ့ ကျွန်မ သင်္ကြန်မတိုင်ခင်ထဲက တိုင်ပင်နေကြတာ ဘယ်လိုကဲမယ် ဘယ်မဏ္ဍပ်ထိုင်မယ် ကားနဲ့ ဘယ်ရက်လျှောက်လည်မယ်ပေါ့
သင်္ကြန် ဆိုတာ ကျွန်မတို့ နှစ်ယောက်ရဲ့ အမှတ်တရတွေထဲက တစ်ခုပါ။
ဘာလို့ လဲဆိုတော့ ကျွန်မတို့ ချစ်သူသက်တမ်းရဲ့  အထိမ်းအမှတ်နေ့ လေးက သင်္ကြန်မှာရှိခဲ့တာလေ။
အဲဒီနေ့ က သင်္ကြန်အကြိုနေ့  ကျွန်မကို ရေလာလောင်းဖို့ သူလောင်းတဲ့ရေကို ပထမဆုံးစိုချင်လို့ ကျွန်မစောင့်နေခဲ့တာ သူကတော်တော်နဲ့ ပေါ်မလာဘူးလေ။
ဖုန်းကိုလည်းပိတ်ထားသေးတယ်။ ကျွန်မလည်း ဘယ်မိန်းမနဲ့ လျှောက်လည်နေလဲ။ သူတစ်ယောက်ထဲပဲ
လျှောက်ကဲပြီလားပေါ့။ အိမ်မှာတစ်ယောက်ထဲ စိတ်တွေတိုပြီး လာရင်တော့ အတွေ့ ပဲပေါ့။
ကျွန်မက သ၀န်လည်းအရမ်းတိုတတ်သေးတယ်လေ။
နေ့ ခင်းလောက်ရောက်တော့ အိမ်ရှေ့က ကားသံကြားလို့ တွေ့ မယ်ဆိုပြီး ထွက်သွားလိုက်တာ ပိတောက်ပန်းတစ်ပွေ့ နဲ့ စောင့်နေတဲ့ သူ။
ကျွန်မ သူ့ ဆီက ရလိမ့်မယ်လို့ မထင်ထားခဲ့တာပါ။ ပြီးတော့ ရေသန့် ဘူး တစ်ဘူး၊

"ရော့ ပိတောက်ပန်းပတ်ရှာနေတာ ဟဲဟဲ အိပ်ရာထလည်းနည်းနည်းနောက်ကျသွားတယ်၊ ရော့ ရေဘူး ကိုကတောရွှဲနေပြီ သူများတွေဝိုင်းပတ်တာ ကိုပဲနွေးကို လောင်းတော့မယ်နော်"တဲ့
ပြောပြီး သူက ကျွန်မကို ရေလောင်းတယ်လေ

"ဒါနဲ့ ဖုန်းကဘာလို့ ပိတ်ထားသေးလဲ ပြောပြော ဘယ်သူ့ ဆီအရင်ဝင်နေရလို့ လဲ"
"ရော် ခက်ပါလား ညက ညည်းနဲ့ ဖုန်းပြောပြီး ပိတ်လိုက်တာလေ မနက်ပန်းရှာပုံတော်ဖွင့်ဖို့ နောက်ကျနေတာနဲ့ ကျန်ခဲ့တာ ဟုတ်ပြီလား ကဲ"သူကျွန်မကိုရှင်းပြရှာပါတယ်

ပြီးလည်းပြီးရော သူ့ ဆေးခန်းက ကျွန်မဖုန်းကို လှမ်းဆက်ပြီး သင်္ကြန်ပြီးရင် နယ်ပြန်မယ့်လူနာရှိလို့ လာခဲ့ပေးပါ ဆိုလို့ ဆေးခန်းမှာပဲ တစ်နေကုန်သွားရတယ်။
သူဆေးခန်းက သူ့ ဖုန်းဆက်မရရင် ကျွန်မဆီရောက်နေပြီဆိုပြီးလှမ်းလှမ်းဆက်တတ်တယ်လေ။
ဘူပိတ်တာပဲ။
ဒါကတော့ ကျွန်မ ကြည်နူးခဲ့ရတဲ့နေ့ တစ်နေ့ ပေါ့လေ။

ကျွန်မကတော့ အထင်တွေလွဲ စိတ်တွေတိုပြီး ကိုယ့်အတွေးနဲ့ ကိုယ်ရူးနေပေမယ့် သူကတော့ ကျွန်မအတွက် ပြင်ဆင်နေခဲ့တာ ကျွန်မကိုယ့်ကိုယ်ကို နောက်မှနောင်တရလိုက်တယ်
သူ့ ကိုအထင်လွဲမိပါလားပေါ့။
နောက်ပြီးတော့ ကျွန်မကအရမ်းရစ်တတ်သေးတယ်။ သူကလုံးဝနားပူတာ မခံနိုင်တဲ့လူစားမျိုးပါ။
သူစိတ်တိုရင် အမြဲပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ်။ နွေး ငါသည်းခံနေတယ်နော်
ကျွန်မကလည်း သူအဲလို စကားမျိုး အနည်းဆုံးငါးခါလောက်ကြားမှ ဖုန်းချပေးတတ်တာ။
သူအိပ်နေလည်း ကျွန်မပြောစရာရှိရင်ဖုန်းဆက်ပြီး အတင်းနှိုးတတ်တာ။
သူအိပ်နေတုန်းလာနှိုးရင်လုံးဝမကြိုက်တတ်တာလေ။

ကျွန်မ စင်ကာပူသွားတော့မယ် လို့ သူ့ ကိုစပြောခဲ့တုန်းက ပျက်သွားခဲ့တဲ့ သူ့ မျက်နှာမျိုး ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး။မသွားခင်ညက သူ့ မျက်ရည်တွေ ကျွန်မလျစ်လျူရှုခဲ့မိတာ။ အဲလို အချိန်မျိုးပြန်ရခဲ့ရင် မသွားတော့ပါဘူးလို့ ပြောမိမလားပဲ။

ဒီရောက်တော့လည်း တကျက်ကျက်ပါပဲ။ အွန်လိုင်းကနေ ရန်ဖြစ်ရလွန်းလို့  ကြာလာတော့ နားလည်မှုဆိုတာ မှေးမှိန်လာတယ်။ဝေးနေရတော့ သံသယကို ကြီးထွားစေတယ်။ သူ ကိုကိုယ်မမြင်နိုင် ၊ ကိုယ့်ကို သူမမြင်နိုင် အဲဒီဒုက္ခတွေကမွန်းကျပ်လွန်းပါတယ်။ကျွန်မရဲ့ သံသယတွေလည်း တစ်နေ့ တစ်ခြားကြီးထွားလာတယ်။
ကြာလာတော့ အဲလိုခံစားရတာတွေကို မုန်းလာတယ်။ထွက်ပြေးလွတ်မြောက်ချင်လာတယ်။

တစ်နေ့ က သူချောင်းသာ သွားရမယ်တဲ့ အလုပ်ကလူတွေနဲ့ မလိုက်လို့ မကောင်းလို့ ပါပေါ့လေ။
ကျွန်မကလည်း နားလည်ပေးပါတယ် သွားပါပေါ့။
ဖြစ်ချင်တော့ သူက ဘယ်နေ့ သွားမှာလဲ အတိအကျမပြောခဲ့ဘူး။
သူနဲ့ ကျွန်မ အွန်လိုင်းမှာ ဆုံရတဲ့အချိန်ကလည်းနည်းလာတယ်လေ။
သူကလည်း မတ်ဆေ့ခ်ျပဲထားသွားတော့ မေးချိန်လည်းမရခဲ့ဘူး။
သူက နက်ဖြန်သွားမယ်တဲ့ မတ်ဆေ့ခ်ျထားသွားတယ်။ ဒါနဲ့  ကျွန်မလည်း အလုပ်ကပြန်ရောက်တော့ သူ့ ဆီဖုန်းဆက်လိုက်တယ်။
သူ့ အိမ်က ချောင်းသာသွားပြီတဲ့ ။ ကျွန်မကို ပြောသွားတော့ နက်ဖြန်မှသွားမှာတဲ့လေ။
ကျွန်မ ကမ္ဘာကြီးချာချာလည်သွားသလို ခံစားလိုက်ရတယ်။ သူက ဘာလို့ ဒီနေ့ ကြိုသွားရတာလဲ ဘယ်သူနဲ့ သွားတာလဲ ဆေးခန်းကလူတွေနဲ့ ဆိုတာရော ဟုတ်ရဲ့ လား မေးခွန်းတွေနဲ့  ကျွန်မတကယ်ရူးမတတ်ခံစားရပါတယ်။
သူနဲ့ ပတ်သတ်ရင် ကျွန်မရဲ့ ခံစားချက်တွေ အစွန်းရောက်ရတာ အကြိမ်ကြိမ်ပါ။
ကျွန်မ ချက်ချင်းကို ချောင်းသာလိုက်သွားချင်ခဲ့တယ်။ ရန်ကုန်မှာသာဆို ကျွန်မလိုက်သွားမိမှာ။
သူ့ မှာက ချောင်းသာဇာတ်လမ်းကလည်း ရှိခဲ့ဘူးတာလည်း ကျွန်မအသိ( ဒါတွေကတော့ ကျွန်မသူ့ ကိုနားလည်ပေးခဲ့ရတဲ့တစ်စိတ်တစ်ပိုင်းပေါ့လေ)
ဒါနဲ့ ကျွန်မသူ့ ဆီ မတ်ဆေ့ခ်ျ ပို့ ခဲ့တယ်။
ပြန်လာလည်း လုံးဝ ကျွန်မကို့ ဆက်သွယ်စရာမလိုဘူးပေါ့ သူ့ ကို အရမ်းစိတ်နာတယ်ပေါ့
ကျွန်မလည်း ရေးမိရေးရာတွေ စိတ်ထဲရှိတာ အကုန်လျှောက်ရေးထားလိုက်တယ်။
ဖြစ်ချင်တော့ အဲဒီညပဲ သူ့ မေးလ်တွေ ကျွန်မသံသယရှိတာနဲ့ ဝင်စစ်လိုက်တယ်
ဘယ်သူနဲ့ ချက်တ် ထားလဲ ပေါ့
နောက်ဆုံး ကျွန်မဆီပို့ တဲ့ မေးလ်ပြီးတော့ သူ့ အစ်မတစ်ယောက်နဲ့ ချက်တ်ထားတာတွေ့ တယ် အချိန်က သူ့ ဆီက ၈နာရီ ၊ အစ်မက ဘယ်အချိန်သွားမှာလဲတဲ့  သူက ပြန်ပြောတာ ၉နာရီခွဲ ။
မသွားသေးဘူးလား ဘာလုပ်နေတာလဲ ဆိုတော့ ကျွန်တော့် ကောင်မလေးကို စောင့်နေတာတဲ့ သူအလုပ်ကပြန်မလာသေးလို့ တဲ့ သွားရမှာက အချိန်ကတော်တော်ကပ်နေပြီလေ။ သူက ကျွန်မကိုစောင့်နေခဲ့တာတဲ့။ ကျွန်မ အဲဒီစာတွေဖတ်ပြီးတော့ မျက်ရည်ကျရပါတယ်။ ငါကတော့ သူ့ ကို အပြစ်တွေတင် ပြတ်မယ်ဆဲမယ် နောက်မဆက်သွယ်နဲ့ ဆိုပြီး တစ်ဖက်သက် ငါ့ကိုမချစ်ဘူး ဆိုပြီး အမြင်တွေစောင်းနေခဲ့တာ သူကတော့ ကျွန်မကို ၀တ္တရားပြတ် အချစ်မလျော့ခဲ့ဘူးလေ။
ဒါနဲ့  ကျွန်မလည်း သူ့ မေးလ်ထဲဝင် ခုနကစာတွေ ပြန်ဖြတ် ၊ အလုပ်တော့ နည်းနည်းရှုပ်သွားခဲ့တယ်။
ခုတော့ သူလည်း ကျွန်မလိုပဲ ချစ်တယ်ဆိုတာ ကျွန်မသိပါပြီ အရင်ထဲကသိခဲ့တဲ့အရာတစ်ခု ပိုလေးနက်သွားခဲ့တာပါ။
ဘယ်အရာမဆို မဖော်ပြတတ်တဲ့ ချစ်သူရဲ့ အားနည်းချက်ကို တစ်လွဲမြင်ခဲ့မိတာ ကျွန်မရဲ့ အမှားပါ။
နောက်ဆို ကျွန်မဘယ်တော့ ထပ်မမှားတော့ဘူး။

ဘာလို့ လဲဆိုတာတော့ ရှုင်းပြစရာလိုမယ်မထင်တော့ပါဘူးနော်
ကျွန်မ ချစ်သူကို ကျွန်မသိပ်ချစ်လို့ ပေါ့။

ကျွန်မပြောချင်တာက ဒီတစ်ချက်လေး သူနဲ့  ကျွန်မနားလည်မှုလွဲခဲ့တာနဲ့  အနှစ်နှစ် အလလ တည်ဆောက်ခဲ့တဲ့သံယောဇဉ်တစ်ခု ပျက်စီးတော့မလို့ လက်တစ်ကမ်းပဲလိုခဲ့တယ်။

ကျွန်မ သူပြန်လာရင် သူ့ ကိုဖွင့်ပြောပြီး တောင်းပန်မှာပါ။
ပြီးတော့ ပြောနေကျ စကားလေးတစ်ခွန်းကလည်း သူ့ ကိုခရီးဦးကြိုစောင့်နေဦးမှာပါ။

ကျွန်မ ဥပမာပေးလိုက်တာ သမီးရည်းစားချစ်ခြင်း တစ်ခုထဲပါ။ ဒါက တွေးကြည့်ရင် ပေါ့ပျက်ချင်ကောင်းပေါ့ပျက်နိုင်တယ်။
အပြင်လောကမှာ ဒီထက်ပိုပြီးလေးနက်တဲ့  မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း ဘယ်ဆက်နွယ်မှုမှာမဆို မရှိမဖြစ်တာ နားလည်မှုပါ။
လျှပ်တပြက် အတွင်းမှာ တည်ဆောက်လို့ မရတဲ့အရာတွေဟာ နားလည်မှုတစ်ချက်လွဲသွားခဲ့တာနဲ
လျှပ်တပြက် အတွင်းမှာ ရေပွက်လိုပဲ ပျောက်ကွယ်သွားတတ်ပါတယ်။
လူသားတိုင်းမွေးဖွားလာထဲက ကိုယ်ဗီဇ ဆိုတာ ပါလာစမြဲပါ။ လူတစ်ယောက်မှာ ကောင်းတဲ့အချက်တွေရှိနေနိုင်သလို ဆိုးတဲ့အချက်တွေလည်းရှိနေတတ်စမြဲပါ။
ဆိုးတဲ့ အချက်ကများနေခဲ့ရင်တောင် နားလည်မှုနဲ့  ပြင်ပေးလိုက်ရင် ကောင်းသွားနိုင်မှာပါ။
အဓိကက ကြည့်တဲ့သူပေါ်မှာပဲမူတည်ပြီး ကွဲပြားသွားတာပါ။
သည်ကမ္ဘာကြီးက ကြည့်တတ်၊မြင်တတ်၊နားလည်ပေးတတ်တဲ့ သူတွေအတွက်တော့ အမြဲ လှပနေခဲ့ပါတယ်။

လူသားတိုင်းချစ်ခင်နိုင်ကြပါစေ။ နားလည်ပေးနိုင်ပါစေ။

Monday, February 22, 2010

စိတ်ကူးယဉ်တစ်နေ့ တာ
















မနက်မိုးလင်းရင် နင့်မျက်နှာလေးကို အရင်ဆုံးမြင်ပြီး နေ့ သစ်တစ်ခုကို ဖြတ်သန်းချင်တယ်

နင့်အတွက် မနက်စာပြင်ပေးရင်း နင်ရေချိုးတာကိုစောင့်မယ်

ပြီးရင် ဆေးခန်းသွားမယ့် နင့်ကို မီးပုကော့နေအောင်တိုက်ထားတဲ့ အင်္ကျီနဲ့ စတိုင်ပန့် ထုတ်ပေးမယ်

မနက်စာ တူတူစားပြီး ကော်ဖီချိုချိုလေးကို နင့်မျက်နှာတစိမ့်စိမ့်ကြည့်ရင်းသောက်မယ်
အလုပ်သွားခါနီး ငါ့နဖူးပေါ်နင်ပေးမယ့် အနမ်းလေးကို ငါကျေနပ်စွာခံယူမယ်

နေ့ ခင်းဘက် နင်ထမင်းစားချိန်ကျရင် နင့်ဆီက မတ်ဆေ့ခ်ျကို စောင့်ရင်း နင့်အကြောင်းစဉ်းစားနေမယ်

နင့်နဲ့ အပြန်အလှန် မတ်ဆေ့ခ်ျခိုးပို့ ကြမယ်


နင်အတွက် ညနေစာကို ငါ့စိတ်တိုင်းကျချက်ပြီး ပြင်ဆင်မယ်
ငါတို့ ရဲ့ ညနေစာဟာ ဟင်းလျာမစုံချင်နေမယ် နတ်သုဒ္ဓါလို မကောင်းချင်နေမယ်
ပြည့်စုံကုံလုံတဲ့ချစ်ခြင်းတွေရှိနေမယ်

ညနေ နင်ပြန်လာခါနီး ရေချိုးပြီး နင်အမောပြေသောက်ဖို့  အအေးဖျော်ရင်းစောင့်နေမယ်

နင်ပြန်လာရင် ပင်ပန်းလာတဲ့ နင် အမောပြေစေမယ့် စကားမျိုးလေးတွေ ပြောမယ်

ပြီးရင် ညနေစာတူတူစားမယ်

ညဘက် ကိုရီးယားကားတူတူ ကြည့်မယ်

နင်ကြိုက်တဲ့ ဘောလုံးပွဲ တူတူကြည့်မယ် နင်ကအာဆင်နယ် ငါကမန်ယူ
ပြီးရင် ငြင်းရပြန်ဦးမယ်

မအိပ်ခင်ထိ စကားတွေပြောရင်း ဘ၀အကြောင်း ၊ ရှေ့ ဆက်ရမယ့်  အနာဂတ်အကြောင်း တိုင်ပင်ကြမယ်

နင့်နဖူးလေးကို မအိပ်ခင် တစ်ချက်နမ်းပြီး နောက်တစ်နေ့ အတွက် အားသစ်တွေပေးမယ်

ဒီလိုနဲ့ ငါနေ့ သစ်တွေကို ဖန်ဆင်းချင်ခဲ့တာပါ

Monday, February 15, 2010

ဇာတ်သိမ်း



















မမုန်းချင်ဘူး
အချစ်တွေက အနိုင်ပိုင်းခဲ့လို့ 
သံယောဇဉ်တဲ့
ခိုင်မြဲတတ်လား
ငိုကြွေးခဲ့ရတဲ့  အတိတ်ကို
ငါငြီးငွေ့ ပြီ
လှပခဲ့ပါတယ်
ဒါပေမယ့် တစ်ဖက်သတ်ဆန်တယ်
ဒီထက်ပိုပြီး မနာကျည်းချင်တော့
အပြန်လမ်းမှာ
စကားတစ်ခွန်းပဲ
လက်ဆောင်ပေးလိုက်ချင်ရဲ့ 
အဆုံးသတ်ကြစို့ 

Sunday, February 7, 2010

ရင်နှင့်ရင်း၍












‘သူ
သူဆိုတဲ့ကောင်လေးမှာ







ကျွန်မသိပ်ချစ်ရတဲ့ဆံပင်ကောက်ကောက်လေးတွေရှိတယ်
မှေးစဉ်းစဉ်းမျက်လုံးလေးတွေက သူရယ်လိုက်တိုင်း မမြင်ရတော့အောင်ပိတ်သွားတတ်တယ်
သူကိုပထမဆုံးစတွေ့ ခဲ့တော့ ကျွန်မတို့ ကျောင်းမောင်မယ်သစ်လွင်ကြိုဆိုပွဲမှာလေ
သူကသူ့ သူငယ်ချင်းတွေနဲ့ စကားပြောရင်းကလေးတစ်ယောက်လို အပြစ်ကင်းစွာရယ်မောနေခဲ့တယ်
ကျွန်မဘေးကစကားသံတစ်ချို့  ကျွန်မနားဆီပြန့် လွင့်လာတယ်

“ဟဲ့ အဲဒါ ဘယ်သူလဲ နင်တို့ သိလား
သြော် နေ၀င်းနီ လား သူကနာမည်ကြီးဟ
King ဆို
ဟယ်ချစ်စရာလေးနော် ဟီဟီ
မိန်းမတွေ မကဲနဲ့ နော်”

သြော် သူက ကင်းတဲ့လား ကျွန်မစိတ်ထဲကတီးတိုးရေရွတ်လိုက်မိတယ်
ငါနဲ့ တော်တော်ဝေးပါလားကောင်လေးရယ်
အဲ့ဒီနေ့ က စလို့ သက်ပြင်းမောတွေနဲ့  ကျွန်မဘ၀ရဲ့ နေ့ ရက်တွေ ကို သူဖန်ဆင်းခဲ့တယ်

စာသင်ရက် ပထမဆုံးရက်

အဲဒီနေ့ က သူက addidas လက်ရှည်အပြာလေးနဲ့ ဂျင်းပန့် လေးနဲ့ လန်းဆန်းနေခဲ့တယ်
ကျွန်မကတော့ ဆေးကျောင်းက ထမီပဲဝတ်ရမယ်ဆိုလို့  မ၀တ်တတ်ဝတ်တတ်ထမီကြီးနဲ့ ပေါ့
ကိုယ့်ဘာသာကိုတော့သိပါတယ် တော်တော်အဆင်မပြေမှန်း
အဲ့ဒီနေ့ က ခုံနံပါတ်တွေထွက်တယ် သူနဲ့ ကျွန်မခုံနံပါတ်ကသိပ်မဝေးလို့ ကျွန်မတစ်ယောက်ထဲ ကြိတ်ပျော်ခဲ့ရသေးတယ်

ဒီလိုနဲ့ ကျွန်မတို့ လက်တွေ့ တွေစဆင်းခဲ့ရတယ်
ပထမနှစ်လက်တွေ့ က အနောက်ဖက်သထုံလမ်းကနေပြည်လမ်းဘက်ကိုကူးပြီးသွားရတယ်
ကျွန်မကလည်း ဒီနေ့ လက်တွေ့ ရှိပါတယ်ဆိုမှ နောက်ကျနေခဲ့တာ ကျွန်မလည်းခပ်မြန်မြန်လေးလျှောက်လာခဲ့တာ ရုတ်တရက် ကျွန်မနောက်ကခြေသံခပ်အုပ်အုပ်ကြားလို့ တစ်ချက်လှည့်ကြည့်လိုက်တော့ သူ..
ကျွန်မ ရင်ခုန်သံမြန်သွားရတယ်
သူက

“ဟဲ့ ဟဲ့
ကျွန်မလည်းရုတ်တရက်အသက်ရှူတောင်ရပ်တော့မလားပဲ
အင် ဟင်Botany Pratical ကဘယ်အခန်းလဲနင်သိလား
နင်ငါတို့ Batch ကပဲမလား
ကျွန်မရုတ်တရက်ဘာပြောရမှန်း သူဘာပြောလိုက်မှန်းမသိ ကြောင်ပြီးရပ်နေမိတယ်
သြော်ဆောရီးနော် ကျွန်တော်တို့ အတန်းကမှတ်လို့ ”

အဲတော့မှ ကျွန်မသတိပြန်လည်လာပြီး

“သြော် အင်း ဟုတ်တယ် ငါလည်းအဲဒီသွားမှာပဲ
ဟာ နင်ကနောက်တယ်ဟာ တဲ့ သူက
ငါ့နာမည်က နေ၀င်းနီ တဲ့ နင်နာမည်ကကော
ငါနာမည်က နဒီ ပါ
သြော် ဒါဆိုငါတို့ တစ်ခန်းထဲပေါ့
ကျွန်မတို့ ကျောင်းကခုံနံပါတ်တွေက အက္ခရာအစဉ်လိုက်စီထားတာလေ
ကျွန်မကခေါင်းတစ်ချက်ပဲညိမ့်ပြနိုင်လောက်အောင် စကားတွေထစ်အနေခဲ့တယ်
လာဟ နောက်ကျနေပြီ
သြော် အေး အေး”

အဲဒီနေ့ ကစလို့ ခပ်တုံးတုံး ခပ်အအ ကျွန်မက သူဆို့ တဲ့ကောင်လေးနဲ့ ခင်မင်ခွင့်ရခဲ့တယ်

နောက်ကျတော့  သူကလည်း King မရခဲ့ပါဘူး ဘာလို့ လဲတော့မသိဘူး
ကျွန်မနည်းနည်းတော့ ၀မ်းသာခဲ့တယ် သူသာ King ဆို ကျွန်မနဲ့ များပိုဝေးသွားမလားဆိုပြီး ကျွန်မအတ္တတွေလေ ဒါပေမယ့် King မဟုတ်တဲ့သူက ကျွန်မနဲ့ လည်းနီးမလာခဲ့ပါဘူး
သူဘေးမှာအချိန်ပြည့် ကောင်မလေးတွေ သူ့ သူငယ်ချင်းတွေဝိုင်းနေတတ်တယ်
ကျွန်မကတော့ တစ်ယောက်ထဲရှိတဲ့အချိန်တွေကခပ်များများပါ အဲလိုအစထဲက ကျွန်မတို.့ ကဆန်ကျင်ဘက်ပါ

သူကတစ်ခါတစ်လေတော့ ကျွန်မဆီရောက်ရောက်လာတတ်ပါတယ်

“ဟဲ့ နင်ဘာတွေလုပ်နေလဲ အားနေလား ကြည့်ရတာအားနေပါတယ်ဟာ
လက်တွေ့ စာအုပ်အချိန်မှီထပ်ဖို့ အလုပ်ရှုပ်နေတဲ့ ကျွန်မကိုသူကမေးတာလေ

အေး ငါလက်တွေ့ စာအုပ်ရေးနေတယ်လေ ဟုတ်လား အေးငါလည်းမပြီးသေးပါဘူးဟာ ဘာတွေမှန်းလည်းသိပ်မသိဘူးဟ နင်ရောသိလား နင်ပြီးတော့မှာလား

အေးရေးတုန်းပဲ နင်ကော

ကြည့်ကြည့်ပါလား” သူက သူ့ စာအုပ်ကိုပေးတယ်

“ဟင်နင်ဟာဘာမှလည်းမရေးရသေးဘူး အေးလေ ဘာမှမှမသိတာ
အေး ကောင်းရောနော် ပေးခဲ့ ငါရေးပေးမယ်
အေးနင်ဒီနေ့ ကြည့်ကောင်းနေပါတယ်လို့ ဟဲဟဲငါသွားပြီနော် ပြီးရင်တစ်ခါထဲထပ်လိုက်ဟာ နော် သွားပြီ”

နောက်

အတန်းတက်နေတဲ့ ကျွန်မကို
“ဟဲ့ နင်ရောက်နေတာ ကြာပြီလား အေး ဘာလို့ လဲ
ငါ သွားစရာရှိလို့  အဲဒါ Roll call လေးလုပ်ပေး
ဟဲ့ဒီဘာသာကလူနဲ့ စစ်မှာလေဟာ ဟာနင့်ဘာသာကြည့်ကျက်လုပ်လိုက် ငါသွားပြီ”

အဲလိုပေါ့ သူကျွန်မဆီရောက်ရောက်လာတတ်တာ.....

အဲလိုနဲ့ ပထမနှစ်အောင်စာရင်းတွေထွက်ခဲ့တယ် ကျွန်မ ကိုယ့်ခုံနံပါတ်ကို အရင်မကြည့်နိုင်လောက်အောင် သူ့ အတွက် စိတ်ပူနေခဲ့တယ်
အောင်စာရင်းဘုတ်ကြီးထွက်လာတော့ သူ့ ခုံနံပါတ်ဘေးမှာ Chemistry တစ်ဘာသာလျော့နေခဲ့တယ်
သူက

“ဟဲ့နင်ဘယ်လိုလဲ ငါတော့ဒီတစ်လုံးပါတယ်ဟ”

သူကခပ်အေးအေးပဲ ပြောခဲ့တယ်
ကျွန်မကတော့ သူအတွက်စိတ်မကောင်းလို့ အဲ့ဒီနေ့ က နေမကောင်းဖြစ်ခဲ့တယ်
သောက်နေကျဆေးတွေထပ်များတဲ့ဆေးတွေ ကျွန်မသောက်ရပြန်တယ်

သူတို့ ဆပ်ပလီသမားတွေတက်ရတဲ့ အတန်းကို ကျွန်မသူမအားလို့ ၃၊၄ ကြိမ်မကသွားတက်ခဲ့ရသေးတယ်လေ

ဒုတိယနှစ်စရောက်တော့ ကျွန်မမကြားချင်ဆုံးသတင်းတွေ မမြင်ချင်ဆုံးမြင်ကွင်းတွေ မြင်ခဲ့ကြားခဲ့ရတယ်

သူ ကျွန်မတို့ နဲ့ ခုံနံပါတ်ချင်းသိပ်မဝေးတဲ့ကောင်မလေး တစ်ယောက်နဲ့ ကြိုက်နေတယ်တဲ့
အဲဒီအချိန်တွေကစလို့  ကျွန်မရဲ့ မွေးကတည်းကအားနည်းခဲ့တဲ့ဘယ်ဘက်ရင်ဘက်တစ်ခြမ်းက ပိုပြီးနာကျင်လာခဲ့ရတယ်
မသွားချင်တဲ့ ဆေးရုံကြီးကိုလည်း ခဏခဏရောက်ခဲ့ရတယ်
ဒါတွေသူတော့မသိခဲ့ပါဘူး

တစ်ခါတစ်ရံတော့သူစိတ်ကူးပေါက်ရင်ပေါက်သလိုဖုန်းဆက်တတ်တယ်
အဲဒီနေ့ ရက်တွေကတော့ ကျွန်မဘ၀ရဲ့ ပျော်စရာအချိန်တစ်စိတ်တစ်ပိုင်း ဖြစ်မှန်းမသိဖြစ်နေခဲ့တာလေ

နောက်လအနည်းငယ်ကြာတော့ သူခပ်မိုက်မိုက်ကောင်မလေးတစ်ယောက်နဲ.့ ကျောင်းကိုရောက်လာပြန်တယ်
ကျွန်မနဲ့ လမ်းမှာတွေ့ တော့ သူကမိတ်ဆက်ပေးတယ် သူကောင်မလေးတဲ့
ကျွန်မခေါင်းတစ်ချက်ပဲညိမ့်ပြနိုင်ခဲ့ပါတယ်

သြော် နေ၀င်းရယ် နင်ငါ့ရင်ထဲကို ဘယ်တော့မှမြင်မှာလဲဟာ

ဒီလိုနဲ့ ကျွန်မ ဒုတိယနှစ်မှာ ဆပ်ပလီထိခဲ့တယ်
သူကတော့ round ထိခဲ့တယ်
အဲဒီနေ့ ကသူကျွန်မဆီဖုန်းဆက်လာတယ်

“ဟဲ့ နင်စိတ်ညစ်နေလား” တဲ့
ကျွန်မ အရမ်းပျော်သွားခဲ့တယ်
“အေးဒီလိုပါပဲဟာ နင်ရော
ငါ လား ငါက ဘာလို့ ညစ်ရမှာလဲဟ ငါကဆရာဝန်မှမလုပ်တာ
နင်က ဒါဆိုဘာလုပ်မှာလဲ
ငါကယောက်ျားလေးပဲ ပိုက်ဆံရှာမှာပေါ့ ဆရာဝန်တော့မလုပ်ဘူးဆေးမှားထိုးမှာကြောက်လို့ 
နင်ကတော့လေ
ငါကတော့ Cardiac Physician ဖြစ်အောင်လုပ်မှာ
ဘာလို့ လဲ ဟ
သြော်ဒီလိုပါပဲဟာ လုပ်ချင်လို့ ပေါ့
အေးပါအေးပါ ဟဲ့ငါနိုင်ငံခြားသွားမလို့ ငါ့အမျိုးတွေဆီ”
ဟင် ကျွန်မရင်ထဲ ဒိန်းကထဲဖြစ်သွားရတယ်
“အပြီးသွားမှာလားနင်က
သိသေးပါဘူးဟာ အဲဒါတော့ အလည်ခဏသွားမှာ ပျော်တော့လည်းနေလိုက်မှာပေါ့”
သြော်နင်က ပျော်ရင်တဲ့လား
ငါကတော့ ပျော်တယ်ဆိုတာ ဘာလဲဆိုတာတောင် မှုန်ဝါးဝါးဖြစ်နေတာကြာပေါ့ နေ၀င်းရယ်
“ဒါဆိုနင်ကောင်မလေးတွေကော ဘယ်လိုလုပ်မလဲ
ဟာ သူတို့ လည်း သိပါတယ်ဟ ငါ သူတို့ ကိုတကယ်မချစ်မှန်း သူတို့ လည်းအလကားပါဟာ ငါ့ကို ချစ်တာမှမဟုတ်တာ”
နင့်တို့ ကလည်းငါလိုက်လို့ တောင်မမှီတော့ပါဘူးဟာ
“အေး မမှီရင်မလိုက်နဲ့ အေးအေးနေ နင့်ဘာသာ နင်ရည်းစားမထားနဲ့ နော်
ယောက်ျားလေးတွေက မကောင်းဘူးဟ ငါကလွဲရင် ဟီဟီ”
အေးပါဟာ ငါကလည်းနင့်တစ်ယောက်ထဲကိုပဲချစ်ခဲ့တာပါ
အဲဒီစကားကစိတ်ထဲကပဲပြောလိုက်တာပါ အပြင်မှာတော့
“ငါ့ဘာသာထားချင်ထားမှာပေါ့ဟ နင်ကလည်း
အောင်မယ် ရမလားဟ နင့်ငါ့ခွင့်ပြုချက်မရပဲဘယ်ထားလို့ ဖြစ်မလဲ
ဟုတ်ကဲ့ပါ ဖေဖေ ရယ် ကဲ ကျေနပ်ပြီလား
အေးဒါပဲ တာ့တာ”

အဲလိုနဲ့ သူမရှိတဲ့နေ့ တွေကို ကျွန်မတစ်ယောက်ထဲဖြတ်သန်းခဲ့ရတယ်
သူက တစ်ခါတစ်လေ mail ပို့ တယ်
တစ်ခါတစ်လေဖုန်းဆက်တတ်တယ်

တတိယနှစ်ဝက်လောက်မှာ ကျွန်မနေမကောင်းတဲ့အကြိမ်ရေတွေစိပ်လာခဲ့တယ်
စာတွေစများလာတယ် ဆေးရုံလည်းစပြီးသွားပြီး လူနာတွေနဲ့ စသင်ရပြီလေ
ငယ်ငယ်ထဲက ပင်ပန်းလို့ မရခဲ့တဲ့ ကျွန်မ ကျောင်းလည်း ပျက်ရက်တွေများလာရတယ်
ကျွန်မ ဆေးရုံတက်ရပြန်တယ်

သူရုတ်တရက် ကျွန်မဆီရောက်လာခဲ့တယ်
ကျွန်မ ရုတ်တရက် မှင်သက်သွားတယ်

“နင်ပြန်ရောက်လာတယ်”
သူက တစ်ချက်ပြုံးပြတယ်
သူ့ အပြုံးလေးကို မမြင်ရတာကြာလို့ လားတော့ မသိဘူး
သူ့ အပြုံးက တစ်ခုခုကို လေးနက်နေတယ် အဓိပ္ပာယ်တစ်ခုခုရှိနေသလို ကျွန်မပဲစိတ်ထင်လို.့ ပဲလားတော့ မသိ

သူက အိမ်ကိုဖုန်းဆက်တော့ သိလို့ လိုက်လာခဲ့တာတဲ့
နင်နေကောင်းအောင်နေနော်တဲ့
နင့်စကားကြောင့်ငါအားရှိလာရပါတယ်ဟာ
ငါနင့်ကိုသတိရနေတာ တဲ့ သူက

"ငါ ပြန်လာချင်တာ ဟာ ဟိုမှာ ငါ့အိမ်ကလိုက်လာကြတာစောင့်နေရတာ
ခုငါ သူတို့ ကိုပစ်ထားခဲ့တာ နင်ဆေးရုံတတ်နေရတယ်ဆိုလို့ "
“နင်က ငါ့ကိုစိတ်ပူတယ်ပေါ့”

သူ က တစ်ချက်ပြုံးလိုက်ပြီး

“အေးပေါ့ဟ နင်သာနေကောင်းအောင်နေ နင်နေကောင်းရင် ငါနဲ့ တူတူကျောင်းပြန်တတ်ကြမယ်
နင် ကျောင်းပြန်တတ်မယ် ဟုတ်လား
အေးပေါ့ ငါတို့ တူတူကျောင်းတတ်မယ်လေ
စာတူတူကျက်မယ် နင်ကစာတော်တော့ငါ့ကို ရှင်းပြပေါ”့

ကျွန်မ ချက်ချင်းနေပြန်ကောင်းချင်ခဲ့တယ်

ဒါပေမယ့်

ဒါပေမယ့် ကျွန်မကိုယ် ကျွန်မသိခဲ့တယ်
တစ်ရက်တစ်ရက် ချိနဲ့ လာတဲ့ ကျွန်မခန္ဓာကိုယ် အကြောင်းတစ်စတစ်စ သတိထားမိလာတယ်
ကျွန်မရဲ့ သတိတွေလည်းတစ်ချက်တစ်ချက်ေ၀၀ါးလာတယ်
ဒီလိုနဲ့ ပဲ နောက်ဆုံးမှာတော့...

ဒေါက် ဒေါက်
ရှူးဖိနပ်သံကဆေးရုံ နှလုံးကုသဆောင်တစ်ခုလုံး ဆူညံသွားတယ်

"ဟယ် ဆရာလာပြီ"
နဒီခပ်သွက်သွက်လေး ခြေလှမ်းတွေလှမ်းလိုက်တယ်

"ဆရာ ဒီနေ့  သမီးတို. lecture ရှိတယ်နော် သမီးသတိလာပေးတာပါ
အေး အေး ဘယ်အချိန်လဲ သမီး
၉ နာရီပါ ဆရာ
အေးဟုတ်ပါပြီ
Topic က
Congenital Heart Disease ပါဆရာ
သြော်..
အေး ဆရာလာခဲ့မယ်"

နဒီပျော်သွားတယ် ဆရာ့လို နာမည်ကြီး Caridiac Physician ရဲ. leature ရဖို့ က မလွယ်ဘူးလေ

သူမရဲ့ သူငယ်ချင်းမလေးတွေ နောက်ကလိုက်လာတာတွေ့ လိုက်တယ်

"နဒီ ဆရာကဘာတဲ့လဲ လာမှာတဲ့လားဟင်
လာမှာပေါ့ ဟ ဘယ်သူခေါ်တာမလို့ လဲ နဒီပါ ဟ နဒီ"

“နဒီ” သူ စိတ်ထဲက တီးတိုးရေရွတ်လိုက်တယ်
သူ အခုဒီနေရာမှာ ဒီလိုရပ်တည်ခဲ့တာ နဒီ တစ်ယောက်သိရင်ကျေနပ်လောက်ပါရဲ့  နဒီရယ်

နေ၀င်း သူ့ လူနာတွေကို ကြည့်ရင်း သူ့ ရဲ အခန်းထဲဝင်ခဲ့တယ်
သူ locker လေးကို သူ ဖွင့်လိုက်တယ်

ယွန်းဘူးလေးတစ်ဘူး

သူဖွင့်လိုက်တယ်

နေ့ စွဲကိုယ်စီနဲ့ ပီကေခွံလေးများ
ဘယ်နားကျပျောက်သွားမှန်းမသိခဲ့တဲ့ သူ့  နာမည် ထိုးထားတဲ့လက်ကိုင်ပ၀ါတစ်ထည်
ဒိုင်ယာရီစာအုပ် ခပ်သေးသေးတစ်အုပ်

ပထမ စာမျက်နှာ

နေ၀င်း ဒီယွန်းဘူးလေးက နင့်အစားနင် မရှိတဲ့အချိန်မှာ ငါ့အနားအဖော်ပြုပေးခဲ့ တာ
ငါ မရှိတဲ့အချိန်မှာလည်း သူလေးကနင့်ကို သတိရစရာတစ်ချို့ ပေးနိုင်ကောင်းပါရဲ့ ဟာ

ဒုတိယ စာမျက်နှာ

ပီကေကြိုက်တတ်တဲ့ နင်
ငါ့ဘေးမှာ လာထိုင်ပြီးစားရင်း အမှတ်မထင်ပစ်ခဲ့တဲ့ ပီကေခွံလေးတွေ ငါသိမ်းထားခဲ့တာ

တတိယ စာမျက်နှာ

လက်တွေ့ ဆင်းရင် ချွေးထွက်တတ်တဲ့နင်
Chemistry Practical ခန်းထဲမှာ ကျန်ခဲ့တဲ့ နင့်လက်ကိုင်ပ၀ါလေး
ငါသိမ်းပေးထားခဲ့တာ

စတုတ္ထ စာမျက်နှာ

နင် ဒီနေ့ ငါနဲ့ အဝေးဆုံးကို ထွက်သွားတော့မှာနော်
ငါစိတ်ထဲကအကြိမ်ကြိမ်တားချင်ခဲ့တယ်
တားပိုင်ခွင့်ဆိုတာ ငါနဲ့ တော်တော်အလှမ်းဝေးပါတယ် နေ၀င်းရယ်
မသွားပါနဲ့ ဟာ
နင်သွားရင် ငါ ငါ့နှလုံးသားက အရမ်းနာကျင်ခံစားရလိမ့်မယ်

ငါ့ရဲ့  နှလုံးသားက မွေးရာပါ အားနည်းနေခဲ့တာ
ငါ့ လို နှလုံးရောဂါသည်တွေရဲ့ အသက်ကို ကယ်ချင်လို့  ငါ နှလုံးအထူးကု ဖြစ်ချင်ခဲ့တာ
ဒါတွေနင့်ကိုပြောပြဖို့  ခုတော့ နင်အနားမှာ မရှိတော့ဘူးဟာ

ငါ့ ရင်ဘတ်တစ်ခုလုံး ကျေမွကုန်ပါပြီ နေ၀င်းရယ်

ပဉ္စမ စာမျက်နှာ

ငါ့အနား နင်ပြန်ရောက်ရောက်လာခဲ့တယ်နော်
ဒါဟာ ငါ့အတွက်တော့ ဘုရားပေးတဲ့ဆုပါ
ငါ နင်မသိဘဲ ဒီလောကကြီးက ထွက်မသွားချင်ဘူး နေ၀င်းရယ်
ငါ အကြောက်ဆုံးက အဲဒါပဲ

ငါ့ဘ၀ရဲ့ နောက်ဆုံးရက်တွေမှာ ငါ့အနားရှိပေးခဲ့တဲ့ နင်ကို ငါအရမ်းကျေးဇူးတင်ပါတယ်ဟာ
နောက်ဆုံး ငါနင့်ကို ပြောချင်ခဲ့တဲ့ စကားတစ်ခွန်း၊ ဒါပေ့မယ် ငါနင့်ကို ဒီစကားတစ်ခွန်းနဲ့ 
မချုပ်နှောင်ခဲ့ချင်ဘူး။
သေချာတဲ့ အဖြေတစ်ခုကို ငါနင့်မျက်ဝန်းတွေကနေ သိခွင့်ရခဲ့ပြီလေ
ငါ ဆေးရုံမှာ အိပ်ပျော်ချင်ယောင်ဆောင်နေတုန်း နင်ကျခဲ့တဲ့မျက်ရည်တွေရယ် နင်တီးတိုးပြောခဲ့တဲ့ စကားတစ်ခွန်းရယ် ဒါတွေက ငါ့အတွက် လုံလောက်ပြည့်စုံပါပြီ နေ၀င်းရယ်

စာမျက်နှာ ငါးခုပဲပါပေမယ့် နေ၀င်း ဒီစာအုပ်လေးကို ဘ၀တစ်လျှောက်လုံး ဘယ်နှကြိမ်မှန်းမသိသူအထပ်ထပ် ဖတ်ဖြစ်ခဲ့တယ်
ဘယ်တုန်းကမှ ရင်ထဲရောက်မလာနိုင်ဘူးလို့ ထင်ခဲ့ပေမယ့်
နဒီ ဆေးရုံတတ်နေရတယ် ဆိုတဲ့ နဒီ အဒေါ်ဆီက ဖုန်းရလိုက်တာနဲ့ 
နိုင်ငံခြားကနေ Air Ticket ချက်ချင်းဝယ်ပြီး ကောက်ပြန်ခဲ့တာ...
“နဒီ ကဘယ်လောက်မှ မနေရတော့ဘူးတဲ့ သားရယ်” နဒီ့ အဒေါ်ဆီက စကားတစ်ခွန်းတစ်ခွန်းကြောင့် သူ့ ကမ္ဘာပျက်ခဲ့တာ
နဒီကို ဘယ်လိုနည်းနဲ့ ရရ အကောင်းဆုံး ကုသပြီး အနားမှာ အရင်ကလိုရှိစေချင်ခဲ့တာ
နဒီ
နဒီ
နဒီ
နင်ပြောမထွက်ခဲ့တဲ့စကားတစ်ခွန်းကို ငါကို ပြောခွင့်ပေးပါဟာ
ငါနင့်ကိုသိပ်ချစ်တယ်

ငါဆုံးဖြတ်ချက်ချလိုက်တယ် နင်ဖြစ်ချင်ခဲ့တဲ့ Caridiac Physician ဖြစ်အောင်ငါကြိုးစားမယ်

နင် မပြည့်ခဲ့တဲ့ နင့်ရည်မှန်းချက်ကို ငါဖြည့်ဆည်းပေးခဲ့ပါ့မယ် နဒီရယ်

ဒေါက် ဒေါက်

နေ၀င်း အတွေးစတွေပြတ်တောက်သွားခဲ့ရတယ်

“၀င်ခဲ့ပါ
Sister ကြီးက အခန်းထဲဝင်လာခဲ့တယ်
ဆရာ Part 2 lecture ချိန်နီးပြီ ဆရာ

ကျွန်တော်ခုပဲသွားတော့မှာပါ Sister ကြီး’”

နေ၀င်း ယွန်းဘူးလေးကို ပိတ်ပြီး locker ထဲ ပြန်ထည့်ပြီးတစ်ယုတစ်ယသိမ်းလိုက်တယ်။
Professor ဆိုတဲ့ အခန်းထဲကနေ စာသင်ခန်းထဲကိုလှန်းလိုက်တယ်။
နစ္စိဒူဝ သူလျှောက်နေရတဲ့ Cardiac Ward ကြီးကတော့ ဒီတိုင်းပါပဲ
Patient တွေလည်း ၀င်လာလိုက် ထွက်သွားလိုက်နဲ့ ဒီတိုင်းပါပဲ
မပြောင်းလဲတဲ့  သူရင်ထဲမှာလည်း .....................

Wednesday, January 13, 2010

..................

လူကိုအကြံပြုပါ... အရေးအသားကိုဝေဖန်ပေးပါ.. တစ်ဆိတ်ကျေးဇူးပြုရွေ့  ရင်ဘတ်နှင့်ရင်းရွေ့ ဖြစ်တည်သော ခံစားချက်ကို ပြက်ရယ်မပြုပါနဲ့ ....

Tuesday, January 12, 2010

ဖေဖေသို့ 

ဟိုးငယ်ငယ်တုန်းကတော့စဉ်းစားမိတယ်
ဖေဖေကဘာလို့ ပိုက်ဆံအများကြီးရတဲ့သင်္ဘောလိုက်ရာကနေ ဘာလို့ 
ပိုက်ဆံလည်းမရ အရေမရအဖတ်မရ ဒီစာရေးတဲ့အလုပ်ကိုပြောင်းလုပ်ပါလိမ့်လို့ 
စိတ်ထဲကနေ ကျွန်မကြိတ်အပြစ်တင်ခဲ့ဘူးတယ်
ဒါပေမယ့်မေမေကတော့ဖေဖေကို နားလည်ပေးနိုင်ခဲ့တယ်
ဖေဖေ့ကိုနားလည်ပေးနိုင်တဲ့မေမေ့ကိုလည်း ကျွန်မနားမလည်နိုင်ခဲ့ဘူး
အခုတော့ ကျွန်မဖေဖေ့ကိုကောင်းကောင်းနားလည်ပေးနိုင်ခဲ့ပြီ
ဘယ်အချိန်ကနေပြီးတော့ ကျွန်မရဲ့ စိတ်ထဲ စာရေးချင်တဲ့စိတ်တွေစကိန်းအောင်းနေခဲ့သလဲ
ကျွန်မကိုယ်တိုင်မစဉ်းစားမိခင် ကျွန်မ စာတွေစရေးနေခဲ့ပြီလေ
ဒါဟာဖေဖေ့ရဲ့ အမွေတစ်ခုပဲ ခုကျွန်မစဉ်းစားမိတိုင်းဂုဏ်ယူတတ်ခဲ့ပြီ
ဖေဖေက ကျွန်မလူမှန်းသိတတ်စအရွယ်ထဲက သင်္ဘောလိုက်ခဲ့တယ်လေ
မေမေကတော့ပြောပါတယ် နွေးဖေဖေ လေယာဉ်ပျံကြီးစီးပြီး ဟိုးအဝေးကြီးကိုခဏသွားတယ်တဲ့
ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေကြားထဲမှာ ငါ့အဖေကနိုင်ငံခြားမှာဆိုပြီး
ကြွားရရင်ပျော်နေတတ်ခဲ့တာ (ငယ်ငယ်ထဲက ကျွန်မကအကြွားနည်းနည်းသန်ခဲ့တာလေ)
အခုတော့ နိုင်ငံခြားမှာဆိုပြီးကြွားခဲ့တဲ့ ကျွန်မဖေဖေရဲ့စိတ်ထဲမှာဘာတွေရှိနေပါ့မလဲ လို့  ကျွန်မဘာလို့ များမစဉ်းစားခဲ့မိပါလိမ့်နော်
ကျွန်မ ကိုယ်တိုင် ခုနိုင်ငံခြားဆိုတာ တကယ် နိုင်ငံကြီးခြားနေမှန်းနားလည်ခဲ့ပြီ
ဘာသာမတူ လူမျိုးမတူတဲ့သူတွေကြားမှာ ပိုက်ဆံဆိုတဲ့အရာကို ဘယ်လောက်မက်မက်မောမော ရှာရလဲဆိုတာကိုလည်း ကျွန်မခုသိခဲ့ပြီ
ပေ ၃၀ လောက်ရှိတဲ့ အခန်းထဲမှာ အထီးကျန်တယ်ဆိုတာ ဘယ်လိုအရသာလဲ
ဘယ်လောက်ခါးသက်လဲဆိုတာကိုလည်း ကျွန်မခံစားဖူးခဲ့ပြီ
ကိုယ့်ရင်ထဲဘာတွေဘယ်လောက်ပဲ ဖြစ်နေ အနားမှာဘယ်သူမှ မရှိဘူးဆိုတဲ့ အသိနဲ့ လည်း ကိုယ့်ကိုကိုယ် အားပေးနေခဲ့ဖူးပြီ
အနှစ်နှစ်အလလ ငါ့မိသားစုအတွက် ငါ့သားအတွက် ငါ့သမီးအတွက်ဆိုပြီး
ကြိတ်မှိတ်ရုန်းကန်ရတဲ့ ဖေဖေ့ရင်ထဲငါဘာလို့ မမြင်မိခဲ့ပါလိမ့်
သမီးကြီးဆိုပြီး ကျွန်မကိုမှအချစ်ပိုခဲ့တဲ့ဖေဖေကို ဘာလို့ ငါအပြစ်မြင်မိခဲ့ပါလိမ့်
ခုကျွန်မ နောင်တတွေနဲ့ ဖေဖေ့ရင်ခွင်ကို ပြေးပြီးတိုးဝှေ့ ငိုချင်နေမိတယ်
အခုတော့ ကျွန်မစာရေးတယ်ဆိုတာ စိတ်ရဲ့ ထွက်ပေါက်တစ်ခုဆိုတာ နားလည်တတ်ခဲ့ပါပြီ
စာရေးတယ်ဆိုတာ ကိုယ်သိတာတွေကို သူများတွေသိအောင် မြင်လာအောင် ရေးပြနိုင်တာ ကလောင်ရဲ့ အစွမ်းပဲတဲ့
ဖေဖေကတော့ ပြောပြခဲ့ဖူးတာပဲ ကျွန်မကတော့ ဖေဖေပြောခဲ့တုန်းကမသိသလိုပဲနေခဲ့မိတာ သိပ်ကိုမှားခဲ့တာပါ
ခုလည်းဖေဖေက ဖုန်းဆက်တိုင်းသမီးကြီးကိုဖေဖေသိပ်လွမ်းပါတယ်တဲ့
ဖေဖေရယ် အဲလိုပြောလိုက်တိုင်း သမီးရင်ထဲနာကျင်လိုက်တာ
သူများတွေကပြောတယ် နင်ထွက်သွားတော့ နင့်အဖေပိန်သွားလိုက်တာတဲ့
သမီးအရမ်းခံစားရပါတယ်ဖေဖေရယ်
ဖေဖေ့ကိုချစ်တဲ့စိတ်နဲ့ သမီးစာရေးတယ်ဆိုတဲ့ အမွေကို သမီးကျေကျေနပ်နပ်ကြီးကို
ဖေဖေ့ဆီကရယူလိုက်ပါပြီ
သမီးစာမရေးတတ်ပါဘူး ဒီစာက သမီးရဲ့ ပထမဆုံးရေးတဲ့စာ ၊
ဝတ္ထုမဟုတ်သလို စာစဉ်လည်း မဟုတ်ပါဘူး
သမီး က ဖေဖေ ထံပေးစာ သက်သက်ရယ်ပါ...
ဖေဖေ့ကို ဒီစာနဲ့ သမီးကန်တော့လိုက်ပါတယ် ဖေဖေ ...
အဝေးက
သမီးကြီး
၁၃၊၁၊၂၀၁၀(၁နာရီ ၅မိနစ်)

ရှုံးနိမ့်ခြင်း

လောကကြီးရေ
အဆင်မပြေမှုတွေသိပ်မပေးပါနဲ့ 
ချိနဲ့ နေတဲ့ ခြေထောက်တွေကို
လှည့်ကြည့်ပါဦး...

တစ်ခါတစ်လေ
မိုးတွေသည်းတိုင်း
မျက်ရည်တွေပါ မခိုင်ချင်တော့...

လောကကြီးရေ
တော်သင့်ပါပြီ
မင်းလက်နက်တွေ
ရုပ်သိမ်းပါတော့...

ငါ့မှာ ချစ်သူဆီက
အမုန်းဆိုတဲ့
လက်နက်တစ်ခုထဲနဲ့ 
ငါအကြိမ်ကြိမ်ကျရှုံးပြီးသားကောင်ပါ။ ။